YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 7:17-23

လုကာ 7:17-23 BCL

ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​နှင့်​ပတ်​ဝန်း​ကျင်​တွင်​ပျံ့​နှံ့​သွား​တော့ ၏။ ယော​ဟန်​အား​တ​ပည့်​များ​က​ဤ​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​တို့​ကို​ပြော​ကြား​ကြ​၏။ ထို အ​ခါ​သူ​သည်​တ​ပည့်​နှစ်​ယောက်​ကို​ခေါ်​ပြီး လျှင်​သ​ခင်​ယေ​ရှု​ထံ​သို့​စေ​လွှတ်​လျက်၊- ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ်​အ​ခြား ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည်​လော'' ဟု မေး​လျှောက်​စေ​၏။ ထို​သူ​နှစ်​ယောက်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ ကြ​ပြီး​နောက် ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ မည်​ဟု​ဆို​သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ် အ​ခြား​ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည် လော။ ဤ​သို့​မေး​လျှောက်​ရန်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် က​အ​ကျွန်ုပ်​တို့​ကို​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​၌​ကိုယ်​တော်​သည်​လူ​တို့​၏​ရော​ဂါ ဝေ​ဒ​နာ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။ နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍​မျက်​မ​မြင်​များ​ကို မျက်​စိ​မြင်​စေ​တော်​မူ​၏။- ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို​ယော​ဟန်​ထံ​သွား​၍​ပြော​ကြား​လော့။ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ကို​ပြန်​လည် ရ​ရှိ​ကြ​၏။ ခြေ​ကျိုး​သူ​များ​လမ်း​လျှောက်​ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​သည်​များ​သန့်​စင်​သွား​ကြ ၏။ နား​ပင်း​သူ​များ​နား​ကြား​ရ​ကြ​၏။ သေ သူ​များ​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။- ငါ့​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​သည်​မင်္ဂ လာ​ရှိ​၏'' ဟု​ယော​ဟန်​၏​တ​ပည့်​များ​အား ဖြေ​ကြား​တော်​မူ​၏။