တစ်နေ့သ၌ကိုယ်တော်သည်မြို့ကြီးတစ်မြို့တွင် ရှိနေတော်မူ၏။ ထိုမြို့တွင်တစ်ကိုယ်လုံးအရေ ပြားရောဂါစွဲကပ်နေသူတစ်ယောက်ရှိ၏။ သူ သည်သခင်ယေရှုကိုမြင်လျှင်ပျပ်ဝပ်လျက် ``အရှင် အလိုတော်ရှိလျှင်အကျွန်ုပ်ကိုသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်၏။ ကိုယ်တော်သည်လက်တော်ကိုဆန့်၍ထိုသူ့ကို တို့ထိတော်မူ၏။ ထိုနောက် ``ငါအလိုရှိ၏။ သန့် စင်စေ'' ဟုမိန့်တော်မူ၏။ ထိုခဏ၌ထိုသူ သည်ရောဂါပျောက်လေ၏။- ``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။ သို့ရာတွင်ကိုယ်တော်၏သတင်းတော်သည်ပို၍ ပျံ့နှံ့သွားသဖြင့် လူပရိသတ်ကြီးများသည် ကိုယ်တော်၏တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများအကုအသ ခံရန်လာကြကုန်၏။- သို့ရာတွင်ကိုယ်တော်သည်အလေ့တော်ရှိသည် အတိုင်းတောကန္တာရသို့ထွက်ခွာ၍ဆုတောင်း တော်မူ၏။ တစ်နေ့သ၌ကိုယ်တော်ဟောပြောသွန်သင်လျက် နေတော်မူစဉ် ဂါလိလဲပြည်နှင့်ယုဒပြည်ရှိ ကျေးရွာအပေါင်းမှလည်းကောင်း၊ ယေရုရှလင် မြို့မှလည်းကောင်းလာရောက်သောဖာရိရှဲများ နှင့်ကျမ်းတတ်ဆရာများသည်အနီးတွင်ထိုင် လျက်ရှိကြ၏။ ရောဂါများကိုပျောက်ကင်း စေရန်ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။- ထိုအခါလူတို့သည်လေဖြတ်သူတစ်ယောက် ကိုထမ်းစင်နှင့်တင်၍ဆောင်ခဲ့ကြ၏။ ထိုသူနာ ကိုအိမ်ထဲသို့သယ်ဆောင်ကာသခင်ယေရှု၏ ရှေ့တော်တွင်ချထားရန်ကြိုးစားကြ၏။- သို့ရာတွင်လူပရိသတ်တိုးမပေါက်သဖြင့် အိမ်အမိုးပေါ်သို့တက်ပြီးလျှင်အုတ်ကြွပ် များကိုဖောက်၍ သူနာကိုထမ်းစင်နှင့်တကွ လူတို့အလယ်သခင်ယေရှု၏ရှေ့တော်သို့ လျောချကြ၏။- ကိုယ်တော်သည်ထိုသူတို့၌ယုံကြည်ခြင်းရှိပုံ ကိုမြင်တော်မူလျှင်လေဖြတ်သူအား ``အချင်း လူ၊ သင်၏အပြစ်ကိုဖြေလွှတ်ပြီ'' ဟုမိန့်တော် မူ၏။ ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများက ``ဤ သူကားအဘယ်သူနည်း။ သူသည်ဘုရားသခင် အားပြစ်မှားပြောဆိုပါသည်တကား။ ဘုရား သခင်မှတစ်ပါးအဘယ်သူသည်အပြစ်ကို ဖြေလွှတ်နိုင်ပါမည်နည်း'' ဟုတွေးတောကြ၏။ သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေကြသည်ကိုသိတော်မူသဖြင့် ``သင်တို့သည် အဘယ်ကြောင့်တွေးတောနေကြသနည်း။- `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ်`နေရာမှထ ၍လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူ သလော။- သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိစေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``သင့်အားငါ ဆိုသည်ကားထလော့။ သင့်ထမ်းစင်ကိုထမ်း ၍အိမ်ပြန်လော့'' ဟုမိန့်တော်မူ၏။ ချက်ချင်းပင်ထိုသူသည်လူတို့ရှေ့တွင်ထ၍ မိမိလဲလျောင်းနေခဲ့သောထမ်းစင်ကိုထမ်း ပြီးလျှင် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးလျက်အိမ်သို့ပြန်လေ၏။- လူအပေါင်းတို့သည်လွန်စွာအံ့သြကြောက်ရွံ့ လျက် ``အံ့ဖွယ်သောအရာများကိုငါတို့ ယနေ့တွေ့မြင်ရလေပြီ'' ဟုပြောဆို၍ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြ၏။
လုကာ 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 5:12-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ