YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 4:31-44

လုကာ 4:31-44 BCL

ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်၊ က​ပေ​ရ​နောင်​မြို့ သို့​ရောက်​တော်​မူ​၏။ ဥ​ပုသ်​နေ့​၌​တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​၏။- ကိုယ်​တော်​၏​သွန်​သင်​ချက်​တွင်​တန်​ခိုး​အာ​ဏာ ပါ​သ​ဖြင့်​လူ​တို့​သည်​အံ့​သြ​ကြ​၏။- တ​ရား​ဇ​ရပ်​ထဲ​တွင်​ညစ်​ညမ်း​သော​နတ်​ပူး​ဝင် နေ​သူ​တစ်​ယောက်​ရှိ​၏။- ညစ်​ညမ်း​သော​နတ်​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ဘယ်​သို့​သက်​ဆိုင် တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ဖြစ်​ပါ​သည်'' ဟု​ကျယ်​စွာ ဟစ်​အော်​၏။ သ​ခင်​ယေ​ရှု​က ``တိတ်​တိတ်​နေ​လော့။ သူ့​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​သည်​ထို သူ​ကို​လူ​အ​များ​ရှေ့​မှာ​လှဲ​ချ​လိုက်​၏။ ထို​နောက် ဘေး​အန္တ​ရာယ်​မ​ပြု​ဘဲ​သူ့​အ​ထဲ​မှ​ထွက်​သွား​၏။ လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​လျက် ``ဤ​သူ​၏ အ​မိန့်​စ​ကား​ကား​အ​ဘယ်​သို့​နည်း။ သူ​သည် ညစ်​ညမ်း​သော​နတ်​များ​အား​ထွက်​သွား​ရန် တန်​ခိုး​အာ​ဏာ​ဖြင့်​အ​မိန့်​ပေး​၍ သူ​တို့​သည် ထွက်​သွား​ကြ​ပါ​သည်​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။- ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပတ်​ဝန်း​ကျင် ဒေ​သ​တွင်​ပျံ့​နှံ့​သွား​တော့​၏။ ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍​ရှိ​မုန် ၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ရှိ​မုန်​၏​ယောက္ခ​မ​ဖြစ်​သူ သည်​ပြင်း​စွာ​ဖျား​နေ​၏။- သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ထို​အ​ကြောင်း ကို​ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော် သည်​ထို​အ​မျိုး​သ​မီး​ကြီး​၏​အ​နား​တွင်​ရပ် လျက် ``အ​ဖျား​ပျောက်​စေ'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ အ​မျိုး​သ​မီး​ကြီး​သည်​အ​ဖျား​ပျောက် သ​ဖြင့် ချက်​ချင်း​ထ​၍​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​အား​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။ နေ​ဝင်​ချိန်​၌​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​ပေါင်း​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့ ကြ​၏။ ကိုယ်​တော်​သည်​ထို​လူ​နာ​အ​သီး​သီး တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​သူ​တို့​၏ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။- နတ်​မိစ္ဆာ​များ​သည် ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​၏'' ဟု​ဟစ်​အော်​လျက်​မိ​မိ​တို့ ပူး​ဝင်​နေ​သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​များ​ထို​သို့​ဟစ်​အော် သည်​ကို​ဟန့်​တား​တော်​မူ​ပြီး​လျှင် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ကိုယ်​တော်​မေ​ရှိ​ယ​ဖြစ် ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ဖြစ်​သည်။ မိုး​လင်း​သော​အ​ခါ​က​ပေ​ရ​နောင်​မြို့​မှ​ထွက်​ခွာ ၍​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့​ကြွ​တော်​မူ​၏။ လူ​တို့​သည် ကိုယ်​တော်​ကို​ရှာ​ကြ​၏။ ရှာ​၍​တွေ့​သော​အ​ခါ​မိ​မိ တို့​ထံ​မှ​ထွက်​ခွာ​သွား​တော်​မ​မူ​စေ​ရန်​ကြိုး​စား ကြ​၏။- သို့​ရာ​တွင်​ကိုယ်​တော်​က ``ငါ​သည်​အ​ခြား​မြို့ များ​တွင်​လည်း​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ ရ​မည်။ ထို​သို့​ဟော​ပြော​ကြေ​ညာ​ရန်​အ​တွက်​ငါ့ ကို​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တ​ရား ဇ​ရပ်​များ​တွင်​ဟော​တော်​မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။