YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 24:1-7

လုကာ 24:1-7 BCL

တ​နင်္ဂ​နွေ​နေ့​မိုး​လင်း​စ​အ​ချိန်​၌​ထို​အ​မျိုး သ​မီး​တို့​သည် မိ​မိ​တို့​အ​သင့်​ပြင်​ဆင်​ထား​သော နံ့​သာ​ပေါင်း​ကို​ယူ​၍ အ​ခြား​သူ​များ​နှင့်​အ​တူ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။- သင်္ချိုင်း​ဂူ​ဝ​က​ကျောက်​တုံး​ကို​လှိမ့်​ဖယ်​ထား သည်​ကို​တွေ့​သ​ဖြင့်၊- ဂူ​ထဲ​သို့​ဝင်​ကြ​၏။ သို့​ရာ​တွင်​အ​လောင်း​တော် ကို​မ​တွေ့​ရ​ကြ။- ဤ​အ​ခြင်း​အ​ရာ​နှင့်​ပတ်​သက်​၍​စိတ်​ဇ​ဝေ​ဇ​ဝါ ဖြစ်​လျက်​နေ​ကြ​စဉ် ပြောင်​လက်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​သူ​လူ​နှစ်​ယောက်​သည်​သူ​တို့​၏ အ​ရှေ့​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၏။- အ​မျိုး​သ​မီး​များ​သည်​ကြောက်​ရွံ့​၍​ပျပ်​ဝပ် လျက်​နေ​ကြ​၏။ ထို​သူ​နှစ်​ယောက်​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​အ​သက်​ရှင်​သူ​ကို​သေ​သူ​များ ရှိ​ရာ​အ​ရပ်​တွင်​ရှာ​ကြ​သ​နည်း။- ကိုယ်​တော်​သည်​ဤ​အ​ရပ်​တွင်​မရှိ။ ရှင်​ပြန်​ထ​မြောက် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​မှာ​ရှိ တော်​မူ​ခဲ့​စဉ်​က၊- `လူ​သား​သည်​အ​ပြစ်​ကူး​သူ​တို့​၏​လက်​သို့ အပ်​ခြင်း​ခံ​ရ​လိမ့်​မည်။ လက်​ဝါး​ကပ်​တိုင်​မှာ​တင် ၍​အ​သတ်​ခံ​ရ​လိမ့်​မည်။ ထို​နောက်​တ​တိ​ယ​နေ့​၌ သေ​ခြင်း​မှ​ရှင်ြုပန်​ထ​မြောက်​တော်​မူ​လိမ့်​မည်' ဟူ​၍ သင်​တို့​အား​ပြော​ကြား​ခဲ့​သည်​ကို​သ​တိ​ရ​ကြ လော့'' ဟု​ဆို​၏။

စပ်ဆိုင်သော ဗီဒီယိုများ