YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 23:27-31

လုကာ 23:27-31 BCL

လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​မှ​လိုက်​ကြ​၏။ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​မိ​မိ​တို့​ရင်​ကို တီး​ခတ်​ငို​ကြွေး​လျက်​လိုက်​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​များ​၏​ဘက် သို့​လှည့်​၍ ``ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ငါ့​အ​တွက် မ​ငို​ကြွေး​ကြ​နှင့်။ သင်​တို့​နှင့်​သင်​တို့​၏​သား သ​မီး​များ​အ​တွက်​သာ​လျှင်​ငို​ကြွေး​ကြ​လော့။- `က​လေး​မ​ရှိ​ခဲ့၊ နို့​မ​တိုက်​ခဲ့​သော​အ​မျိုး​သ​မီး များ​သည်​မင်္ဂ​လာ​ရှိ​၏' ဟု​ဆို​ရ​သည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။- ထို​အ​ချိန်​၌​လူ​တို့​က​တောင်​များ​အား `ငါ​တို့ အ​ပေါ်​သို့​ပြို​လဲ​ကြ​ပါ' ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား `ငါ​တို့​ကို​ဖုံး​အုပ်​ကြ ပါ' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​လိမ့်​မည်။- စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

​လုကာ 23:27-31 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။