``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။- လူတို့သည်ကမ္ဘာပေါ်တွင်ဆိုက်ရောက်လတ္တံ့သော ဘေးများကိုမြော်မြင်၍ကြောက်လန့်ကာမူး မော်လိမ့်မည်။ ကောင်းကင်နက္ခတ်တာရာတို့သည် တုန်လှုပ်ကြလိမ့်မည်။- ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။- ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည် သူတို့အားပုံဥပမာ ဆောင်၍ ``သင်္ဘောသဖန်းပင်နှင့် အခြားသစ်ပင် တို့ကိုကြည့်ကြလော့။- ထိုအပင်များရွက်နုပေါက်သောအခါ သင်တို့ သည်ကြည့်၍နွေရာသီနီးကြောင်းသိကြ၏။- ထိုနည်းတူစွာဖော်ပြခဲ့သည့်အမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်နီးပြီဟု သိမှတ်ကြလော့။ ``ငါအမှန်ဆိုသည်ကားဤအမှုအရာအလုံးစုံ တို့မဖြစ်မပျက်မီ ယခုအသက်ရှင်နေသူတို့ သေလွန်ရလိမ့်မည်မဟုတ်။- ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ၏စကားတည်လိမ့်မည်။ ``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။- နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။ ကိုယ်တော်သည်နေ့အခါများ၌ဗိမာန်တော် တွင်ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ များ၌သံလွင်နာမည်တွင်သောတောင်ပေါ်သို့ သွား၍ညဥ့်ကိုလွန်စေတော်မူ၏။- လူအပေါင်းတို့သည်ဗိမာန်တော်တွင်တရား တော်ကိုကြားနာရန် နံနက်စောစောထ၍ အထံတော်သို့လာကြ၏။
လုကာ 21 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 21:25-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို