YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 20:1-26

လုကာ 20:1-26 BCL

တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဗိ​မာန်​တော်​တွင် လူ​တို့​အား​ဆုံး​မ​သြ​ဝါ​ဒ​ပေး​၍ သ​တင်း ကောင်း​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​စဉ်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​အ​ထံ တော်​ကို​လာ​ကြ​၏။- သူ​တို့​က ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ ကို အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ​ပြု​တော်​မူ ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား အ​ဘယ်​သူ​အပ်​နှင်း​ပါ​သ​နည်း'' ဟု​လျှောက် ထား​မေး​မြန်း​ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​လည်း​သင်​တို့​အား မေး​ခွန်း​တစ်​ခု​ကို​မေး​ဦး​မည်။- ယော​ဟန်​ဗတ္တိ​ဇံ​ပေး​သည်​မှာ​ဘု​ရား​သ​ခင် ၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ လူ​တို့​၏​အ​ခွင့် အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု​ငါ​တို့​ဆို​လျှင်`ယော​ဟန်​ကို သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း' ဟု​မေး​လိမ့်​မည်။- သို့​ရာ​တွင်​လူ​တို့​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင် လူ​အ​ပေါင်း​တို့​က​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​အ​မှန်​ပင်​ယုံ​ကြည် ကြ​သ​ဖြင့် ငါ​တို့​အား​ခဲ​နှင့်​ပေါက်​ကြ​လိမ့် မည်'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။- ထို့​ကြောင့်​သူ​တို့​က ``မည်​သူ့​အ​ခွင့်​အာ​ဏာ အ​ရ​ပေး​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က `ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ ပြု​သည်​ကို​လည်း သင်​တို့​အား​ငါ​မ​ပြော' ဟု မိန့်​တော်​မူ​၏။ ထို့​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​ဤ​ပုံ ဥ​ပ​မာ​ကို​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော် က ``လူ​တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​တစ် ခု​ကို​စိုက်​ပျိုး​၍​သီး​စား​ချ​၏။ ထို​နောက် နိုင်​ငံ​ရပ်​ခြား​သို့​ကာ​လ​အ​တော်​ကြာ သွား​၍​နေ​၏။- အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သမား များ​ထံ​သို့​စေ​လွှတ်​၍​သီး​စား​ခ​ကို​တောင်း​ခံ စေ​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည်​ထို​ကျွန် ကို​ရိုက်​၍ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက် ကြ​၏။- ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ် ယောက်​ကို​စေ​လွှတ်​ပြန်​၏။ သို့​ရာ​တွင်​ခြံ​သ​မား တို့​သည်​သူ့​ကို​လည်း​ရိုက်​၍​အ​ရှက်​ခွဲ​ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။- နောက်​တစ်​ဖန်​ဥ​ယျာဉ်​ရှင်​သည်​တ​တိ​ယ​ကျွန် ကို​စေ​လွှတ်​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည် ထို​ကျွန်​ကို​လည်း​ဒဏ်​ရာ​များ​ရ​စေ​ပြီး​နောက် အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြ​၏။- ဥ​ယျာဉ်​ရှင်​သည် `ငါ​အ​ဘယ်​သို့​ပြု​ရ​အံ့​နည်း။ ငါ​၏​တစ်​ဦး​တည်း​သော​သား​ကို​စေ​လွှတ်​မည်။ သူ့​ကို​တွေ့​လျှင်​ခြံ​သ​မား​တို့​လေး​စား​ကြ ရာ​၏' ဟု​ဆို​၏။- သို့​ရာ​တွင်​ဥ​ယျာဉ်​ရှင်​၏​သား​ရောက်​လာ​သော အ​ခါ​ခြံ​သ​မား​တို့​က `ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ ငါ​တို့​ဥ​ယျာဉ် ကို​အ​မွေ​ခံ​ရ​အောင်​သူ့​အား​သတ်​ကြ​ကုန် အံ့' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​လျက်။- ဥ​ယျာဉ်​ရှင်​၏​သား​ကို​အ​ပြင်​သို့​ထုတ်​ပြီး လျှင်​သတ်​ပစ်​ကြ​၏။ ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​ခြံ​သ​မား​များ အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း။- သူ​သည်​လာ​၍​ထို​သူ​တို့​ကို​သတ်​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို​အ​ခြား​သူ​များ​သို့​ပေး အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​စ​ကား​ကို​ကြား​သော​အ​ခါ​သူ​တို့ က ``ဘု​ရား​မ​၍​ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​သည်​လူ​တို့​ကို​ကြည့်​ရှု​တော်​မူ​လျက်၊ `တိုက်​ကို​တည်​ဆောက်​သူ​တို့​ပယ်​ထား​သည့်​ကျောက် သည် အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟူ​သော​ကျမ်း​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား အ​သို့​နည်း။ ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​အ​ပိုင်း ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​အ​ကျ​ခံ​ရ​သော သူ​သည်​ညက်​ညက်​ကြေ​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။- ထို့​ကြောင့်​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​ကြ​၏။ သူ​တို့ သည်​ကိုယ်​တော်​၏​စ​ကား​တွင်​အ​မှား​ကို​ရှာ​ပြီး လျှင် ကိုယ်​တော်​အား​ဘု​ရင်​ခံ​မင်း​၏​လက်​သို့ အပ်​နိုင်​ရန်​သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။- သူ​လျှို​တို့​က ``ဆ​ရာ​တော်၊ အ​ရှင်​ဟော​ပြော သွန်​သင်​တော်​မူ​သော​အ​ရာ​များ​မှန်​ကန်​ကြောင်း ကို​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ အ​ရှင်​သည်​မျက်​နှာ ကြီး​ငယ်​မ​လိုက်၊ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း ကို​သာ​ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော် မူ​ပါ​၏။- အ​ကျွန်ုပ်​တို့​သည်​ကဲ​သာ​ဘု​ရင်​အား​အ​ခွန် ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော'' ဟု မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို သိ​မြင်​တော်​မူ​သ​ဖြင့်။- ``ဒင်္ဂါး​တစ်​ပြား​ကို​ငါ့​အား​ပြ​ကြ​လော့။ ဤ ဒင်္ဂါး​တွင်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ ပါ​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ကဲ​သာ​ဘု​ရင်​၏​ပုံ၊ ကဲ​သာ​ဘု​ရင် ၏​ကမ္ပည်း​လိပ်​စာ​ပါ​ရှိ​ပါ​သည်'' ဟု​ပြန်​၍ လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ကဲ​သာ​ဘု​ရင်​ပိုင်​သည့်​အ​ရာ​ကို ကဲ​သာ​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင် ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​လူ​တို့​ရှေ့​၌​ကိုယ်​တော်​၏​စ​ကား တွင်​အ​မှား​ရှာ​၍​မ​ရ​သ​ဖြင့် ကိုယ်​တော်​ဖြေ ကြား​တော်​မူ​ပုံ​ကို​အံ့​သြ​လျက်​ဆိတ်​ဆိတ် နေ​ကြ​၏။

လုကာ 20:1-26 အကြောင်း ဗီဒီယိုများ