YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 18:35-43

လုကာ 18:35-43 BCL

သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ မျက်​မ​မြင်​တစ်​ဦး သည်​လမ်း​နား​မှာ​ထိုင်​၍​တောင်း​စား​လျက်​နေ​၏။- သူ​သည်​လူ​ပ​ရိ​သတ်​များ​သွား​ကြ​သံ​ကို ကြား​လျှင်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​၏။ လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကြွ​လာ တော်​မူ​လျက်​ရှိ​ကြောင်း​ပြော​ကြ​၏။ ထို​သူ​က ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ် ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ ရှေ့​တွင်​ရှိ​သည့်​လူ​များ​က​သူ့​အား​တိတ်​တိတ် နေ​ရန်​ငေါက်​ငမ်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း သူ​သည် ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို သ​နား​တော်​မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။ သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ လျက် ``ထို​သူ​အား​ခေါ်​ခဲ့​ပါ'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​နီး​သို့​ရောက်​လျှင်၊- ကိုယ်​တော်​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ​ကို ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ မျက်​မ​မြင်​က ``အ​ရှင်၊ အ​ကျွန်ုပ်​အား​မျက်​စိ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``မျက်​စိ​မြင်​စေ။ သင်​၏ ယုံ​ကြည်​ခြင်း​သည်​သင့်​မျက်​စိ​ကို​မြင်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို​ခ​ဏ​၌​သူ​သည်​မျက်​စိ​မြင်​လာ​၏။ ထို​နောက် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​လေ​၏။ ထို​အ​ခြင်း အ​ရာ​ကို​မြင်​လျှင် လူ​အ​ပေါင်း​တို့​သည်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။

စပ်ဆိုင်သော ဗီဒီယိုများ

​လုကာ 18:35-43 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။