YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 1:30-34

လုကာ 1:30-34 BCL

ကောင်း​ကင်​တ​မန်​က ``မာ​ရိ၊ မ​ကြောက်​နှင့်၊ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​မှာ​မျက်​နှာ​ပွင့်​လန်း​ပြီ။- သင်​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ရ​တ​နာ​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယေ​ရှု​နာ​မည် ဖြင့်​မှည့်​ရ​မည်။- ထို​သား​သည်​ကြီး​မြတ်​လိမ့်​မည်။ အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟု​အ​ခေါ်​ခံ​ရ လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အ​ဖ​ဒါ​ဝိဒ်​မင်း​၏​နန်း​မွေ​ကို​သူ့​အား​ပေး တော်​မူ​လိမ့်​မည်။- သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။ မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။

​လုကာ 1:30-34 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။