ထိုစကားကိုကြားလျှင်မာရိသည်စိတ်မငြိမ် မသက်ဖြစ်ကာ ဤနှုတ်ဆက်စကားကားအဘယ် သို့နည်းဟုတွေးတောဆင်ခြင်လျက်နေ၏။- ကောင်းကင်တမန်က ``မာရိ၊ မကြောက်နှင့်၊ သင်သည် ဘုရားသခင်ရှေ့တော်မှာမျက်နှာပွင့်လန်းပြီ။- သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။- ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။- သူသည်ယာကုပ်အမျိုးအနွယ်များကိုအစဉ် မပြတ်အုပ်စိုးတော်မူလိမ့်မည်။ သူ၏နန်းသက် သည်အဘယ်အခါမျှကုန်ဆုံးလိမ့်မည်မဟုတ်'' ဟုမာရိအားပြော၏။ မာရိက ``ကျွန်မသည်သတို့သမီးကညာဖြစ် သဖြင့်အဘယ်သို့လျှင်ကိုယ်ဝန်ဆောင်၍သား ဖွားနိုင်ပါမည်နည်း'' ဟုကောင်းကင်တမန်အား မေး၏။ ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
လုကာ 1 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 1:29-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ