YouVersion လိုဂို
ရှာရန် အိုင်ကွန်

မြည်​တမ်း​စ​ကား 3:19-26

မြည်​တမ်း​စ​ကား 3:19-26 BCL

ငါ​ခံ​ရ​သည့်​ဝေ​ဒ​နာ​နှင့်​ငါ​အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ရ​မှု​ကို စဉ်း​စား​ဆင်​ခြင်​ရ​သည်​မှာ ဆိုး​ရွား​သည့်​အ​ဆိပ်​ကို​မျို​ရ​သည်​နှင့် တူ​တော့​၏။ ယင်း​သို့​အ​ခါ​တ​လဲ​လဲ​ဆင်​ခြင်​၍ ငါ​၏​စိတ်​ကို​ညှိုး​ငယ်​စေ​ပါ​၏။ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။ ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ သို့​ဖြစ်​၍​ငါ​တို့​ကို​ကယ်​တော်​မူ​ရန်​ကိုယ်​တော်​အား သည်း​ခံ​စောင့်​မျှော်​နေ​ခြင်း​သည်​ငါ​တို့​အ​ဖို့ အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။