YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယော​ရှု 24:19-28

ယော​ရှု 24:19-28 BCL

ထို​အ​ခါ​ယော​ရှု​က​လူ​တို့​အား``သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စွမ်း ရှိ​ကြ​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​သန့်​ရှင်း မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​၍​သင်​တို့​၏ အပြစ်​များ​ကို​လွှတ်​တော်​မူ​မည်​မ​ဟုတ်။ ကိုယ် တော်​သည်​ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ​တော် မ​မူ။- သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​လျှင် သင်​တို့​ကို​ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရန်​ဘက် ပြု​၍​သေ​ကြေ​ပျက်​စီး​ရန်​ဒဏ်​ခတ်​တော် မူ​လိမ့်​မည်'' ဟု​ပြော​ကြား​လေ​သည်။ လူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်'' ဟု​ယော​ရှု အား​ပြန်​၍​လျှောက်​ထား​ကြ​၏။ ယော​ရှု​က​လည်း``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​မည်​ဟု​ထွက်​ဆို​ရာ​၌​သင်​တို့ ကိုယ်​တိုင်​သက်​သေ​ဖြစ်​ကြ​၏'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​ကိုယ်​တိုင် သက်​သေ​ဖြစ်​ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ပြန် လျှောက်​ကြ​၏။ ယော​ရှု​က``သို့​ဖြစ်​လျှင်​သင်​တို့​တွင်​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​စွန့်​ပယ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ​လော့'' ဟု​ဆို​လေ​၏။ ထို​အ​ခါ​လူ​တို့​က​ယော​ရှု​အား``အ​ကျွန်ုပ်​တို့ သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ ကိုယ်​တော်​၏ စကား​တော်​ကို​နား​ထောင်​ပါ​မည်'' ဟု​က​တိ ပေး​ကြ​၏။ ထို့​ကြောင့်​ယော​ရှု​သည်​ထို​နေ့​၌​လူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင် ရှေ​ခင်​မြို့​တွင်​သူ​တို့ လိုက်​နာ​ရ​မည့်​ပညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး လေ​သည်။- ယော​ရှု​သည်​ဤ​ပ​ညတ်​များ​ကို​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​စာ​တွင်​ရေး​ထား​လေ​၏။ ထို​နောက်​သူ သည်​ကျောက်​တုံး​ကြီး​တစ်​တုံး​ကို​ထာ​ဝ​ရ​ဘု​ရား ၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ​ဝက်​သစ်​ချ​ပင် အောက်​တွင်​စိုက်​ထူ​လေ​သည်။- ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ဤ​ကျောက်​တုံး သည်​ငါ​တို့​အ​တွက်​သက်​သေ​ဖြစ်​စေ​မည်။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​ဤ ကျောက်​တုံး​သည်​ကြား​ရ​ပြီ။ သို့​ဖြစ်​၍​သင်​တို့ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​ပုန်​ကန်​လျှင် ဤ​ကျောက်​တုံး​သည်​သက်​သေ​ဖြစ်​ကြ​လိမ့် မည်'' ဟု​မိန့်​ကြား​လေ​၏။- ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​ကို ပြန်​ခွင့်​ပြု​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​၏ နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ​သည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။