YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယော​ရှု 24:1-18

ယော​ရှု 24:1-18 BCL

ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရှေ​ခင်​မြို့​တွင်​စု​ရုံး​စေ​၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား​သူ​ကြီး​များ၊ အ​ရာ ရှိ​များ​ကို​ဆင့်​ခေါ်​သ​ဖြင့်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ​လာ​ကြ လေ​သည်။- ထို​အ​ခါ​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​ဤ​သို့​မိန့်​တော်​မူ​သည်။ `ရှေး​အ​ခါ​က သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​တေ​ရ၊ သူ​၏​သား​အာ​ဗြ​ဟံ​နှင့်​နာ​ခေါ်​တို့​သည် ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​တွင်​နေ​ထိုင်​၍​အ​ခြား သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​၏။- ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​ကို ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​ရှိ​ဒေ​သ​မှ​ခေါ်​ဆောင် ပြီး​လျှင် ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့​ပို့​ဆောင်​၍ သူ​၏​အ​ဆက်​အ​နွယ်​ကို​များ​ပြား​စေ​ခဲ့ သည်။ သူ​၌​သား​ဣ​ဇာက်​ထွန်း​ကား​စေ​၏။- ဣ​ဇာက်​၌​သား​များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့် ဧ​သော​တို့​ကို​ထွန်း​ကား​စေ​၏။ ငါ​သည်​ဧ​သော အား​ဧ​ဒုံ​တောင်​ကုန်း​ဒေ​သ​ကို​အ​ပိုင်​ပေး​၏။ ယာ​ကုပ်​နှင့်​သူ​၏​သား​တို့​မူ​ကား​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​နေ​ထိုင်​ခဲ့​ကြ​သည်။- ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။- ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ခါ အီ​ဂျစ်​အ​မျိုး သား​တို့​သည်​သူ​တို့​နောက်​သို့​ရထား​တပ်၊ မြင်း တပ်​များ​နှင့်​လိုက်​၍​တိုက်​ခိုက်​ကြ​သည်။ သူ​တို့ သည်​ပင်​လယ်​နီ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ၊- ငါ့​ထံ​သို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခံ ကြ​သည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​နှင့်​အီ​ဂျစ် တပ်​သား​များ​အ​ကြား​တွင်​အ​မှောင်​ထု​ကို ကျ​စေ​၏။ ရန်​သူ​များ​အ​ပေါ်​သို့​ပင်​လယ်​ရေ လွှမ်း​စေ​သ​ဖြင့် သူ​တို့​သည်​ရေ​နစ်​သေ​ဆုံး ကြ​ကုန်​၏။ ငါ​သည်​အီ​ဂျစ်​ပြည်​အား​မည်​ကဲ့ သို့​ဆုံး​မ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ ```သင်​တို့​သည်​တော​ကန္တာရ​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ရ​ကြ​၏။- ထို​နောက်​ငါ​သည်​သင်​တို့​ကို​အာ​မော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​သို့ ပို့​ဆောင်​ခဲ့​သည်။ သူ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သော်​လည်း​ငါ​သည်​သင်​တို့​အား​အနိုင်​ရ​စေ​၏။ သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​ချီ​တက်​သိမ်း​ပိုက် သော​အ​ခါ​ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ပယ်​ရှင်း ခဲ့​၏။- ထို​နောက်​ဇိ​ဖော်​၏​သား​မော​ဘ​ပြည်​ဘု​ရင် ဗာ​လက်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​လေ​သည်။ သူ​သည်​သင်​တို့​ကို​ကျိန်​ဆဲ ရန်​ဗော​ရ​၏​သား​ဗာ​လမ်​ကို​ခေါ်​စေ​သည်။- သို့​ရာ​တွင်​ငါ​သည်​ဗာ​လမ်​၏​လျှောက်​ဆို​ချက် ကို​လက်​မ​ခံ​သ​ဖြင့် သူ​သည်​သင်​တို့​ကို​ကောင်း ချီး​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ငါ​သည် သင်​တို့​အား​ဗာ​လက်​၏​လက်​မှ​ကယ်​တင်​ခဲ့ သည်။- ထို​နောက်​သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍ ယေ​ရိ​ခေါ​မြို့​သို့​ရောက်​ရှိ​ကြ​သည်။ ယေ​ရိ​ခေါ မြို့​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​သူ တို့​အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​စေ သည်။- သင်​တို့​ချီ​တက်​လာ​စဉ်​ငါ​သည်​သူ​တို့​ကို က​စဥ့်​က​လျား​ဖြစ်​စေ​ပြီး​လျှင် အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ကို​နှင်​ထုတ်​ခဲ့​၏။ သင်​တို့​၏​ဋ္ဌား နှင့်​လေး​လက်​နက်​တို့​ဖြင့်​အ​နိုင်​ရ​ကြ​သည် မ​ဟုတ်။- သင်​တို့​မ​ထွန်​ယက်၊ မ​လုပ်​ကိုင်​ခဲ့​ဘူး​သော​လယ် ယာ​နှင့်​မ​တည်​ခဲ့​ဘူး​သော​မြို့​များ​ကို​သင်​တို့ အား​ငါ​ပေး​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့​သည်​ထို မြေ​ပေါ်​တွင်​နေ​ထိုင်​၍ သင်​တို့​မ​စိုက်​သော​စပျစ် ခြံ​နှင့်​သံလွင်​ခြံ​တို့​မှ​အ​သီး​ကို​စား​သုံး​ရ ကြ​၏' ဟု​ဆို​၏။ ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။- အ​ကယ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​လျှင် မက်​ဆို​ပို​တေး​မီး​ယား​ပြည် ၌​သင်​တို့​၏​ဘိုး​ဘေး​များ​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ သင်​တို့​ယ​ခု​နေ​ထိုင် ရာ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ ကိုး​ကွယ်​ရန်​ဘု​ရား ကို​ယ​နေ့​ရွေး​ချယ်​ကြ​လော့။ ငါ​နှင့်​ငါ​၏ မိ​သား​စု​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို သာ​ကိုး​ကွယ်​မည်'' ဟု​ပြော​ကြား​လေ​၏။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ချိန်​၌​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့် ၍​အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​မည် မ​ဟုတ်​ပါ။- အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ကျွန်ုပ်​တို့​၏​ဖ​ခင်​များ​နှင့်​အ​ကျွန်ုပ်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​အ​မှု​များ​ကို​အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ ကြ​ပါ​ပြီ။ နိုင်​ငံ​အ​သီး​သီး​ကို​ဖြတ်​သန်း ရာ​ခ​ရီး​တစ်​လျှောက်​တွင်​ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​ခဲ့​ပါ​သည်။- အ​ကျွန်ုပ်​တို့​သည်​ဤ​ပြည်​ထဲ​သို့​ချီ​တက် လာ​စဉ်​က ကိုယ်​တော်​သည်​ဤ​ဒေ​သ​ရှိ​အာ မော​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​နှင်​ထုတ် တော်​မူ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကိုး ကွယ်​ပါ​မည်။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ဖြေ​ကြား ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။