သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။ ကိုယ်တော်က ``ငါသည်ကောင်းကင်ဘုံမှဆင်း သက်သောအစာအာဟာရဖြစ်၏'' ဟုမိန့်တော် မူသဖြင့် လူတို့သည်ညည်းညူကြ၏။- သူတို့က ``ဤသူသည်ယောသပ်၏သားယေရှု မဟုတ်ပါလော။ သူ့မိဘများကိုငါတို့သိသည် မဟုတ်ပါလော။ သို့ပါလျက်အဘယ်ကြောင့်`ငါ သည်ကောင်းကင်ဘုံမှဆင်းသက်ခဲ့သည်' ဟုသူ ဆိုဘိသနည်း'' ဟုပြောကြ၏။ သခင်ယေရှုက ``သင်တို့အချင်းချင်းညည်းညူ မနေကြနှင့်။- ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲဆောင် တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကိုငါသည်နောက်ဆုံးသော နေ့၌သေခြင်းမှထမြောက်စေမည်။- ပရောဖက်ကျမ်းများတွင်`ထိုသူအပေါင်းတို့ သည်ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံကြလိမ့်မည်' ဟုပါရှိ၏။ သို့ဖြစ်၍ခမည်းတော် မိန့်တော်မူသောစကားကိုကြား၍ အထံတော် မှနည်းနာခံယူသူအပေါင်းတို့သည်ငါ့ထံ သို့လာကြ၏။- ဤသို့ငါဆိုရာ၌ခမည်းတော်ကိုတွေ့မြင် ဖူးသူတစ်စုံတစ်ယောက်ရှိသည်ဟုမဆိုလို။ ဘုရားသခင်ထံတော်မှကြွလာသူတစ်ဦး တည်းသာလျှင်ခမည်းတော်ကိုတွေ့မြင်ဖူး၏။- အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ ကိုယုံကြည်သူသည်ထာဝရအသက်ကိုရ၏။- ငါသည်အသက်၏အစာအာဟာရဖြစ်၏။- သင်တို့၏ဘိုးဘေးများသည်တောကန္တာရတွင် မန္န မုန့်ကိုစားကြရသော်လည်းသေလွန်ကြကုန်၏။- ဤအစာအာဟာရသည်ကားကောင်းကင်ဘုံမှ ဆင်းသက်သောအစာအာဟာရဖြစ်၍ ယင်းကို မှီဝဲသူသည်သေရလိမ့်မည်မဟုတ်။- ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါ ``ဤသူသည်အဘယ်သို့လျှင်ငါတို့ စားရန်အတွက် သူ၏အသားကိုပေးနိုင်ပါ မည်နည်း'' ဟုလူတို့သည်အချင်းချင်းပြင်း ထန်စွာငြင်းခုံကြ၏။ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား လူသား၏အသားကိုမစား၊ သူ၏ သွေးကိုမသောက်ပါမူသင်တို့၌အသက်မရှိ။- ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ထိုသူအားသေခြင်းမှ ရှင်ပြန်ထြေမာက်စေမည်။- ငါ့အသားသည်စားစရာအစစ်အမှန်ဖြစ်၏။ ငါ့သွေးသည်သောက်စရာအစစ်အမှန်ဖြစ်၏။- ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည်ငါ၌ကျိန်းဝပ်၏။ ငါသည်လည်းထိုသူ ၌ကျိန်းဝပ်၏။- အသက်ရှင်တော်မူသောခမည်းတော်သည်ငါ့ကို စေလွှတ်တော်မူ၏။ ငါသည်လည်းခမည်းတော် ကြောင့်အသက်ရှင်သည်နည်းတူ ငါ့အသား ကိုစားသောသူသည်လည်းငါ့ကြောင့်အသက် ရှင်လိမ့်မည်။- သို့ဖြစ်၍ဤအစာအာဟာရကားကောင်းကင် ဘုံမှဆင်းသက်သောအစာအာဟာရဖြစ်၏။ သင်တို့ဘိုးဘေးများစားသုံးကြရသည့် အစာအာဟာရမျိုးမဟုတ်။ ထိုအစာအာ ဟာရကိုသုံးဆောင်သူတို့သည်သေကြရ၏။ ဤ အစာအာဟာရကိုစားသူမူကားအစဉ် မပြတ်အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။ သခင်ယေရှုသည်ကပေရနောင်မြို့တရား ဇရပ်တွင်ဟောပြောသွန်သင်တော်မူစဉ်က ဤ သြဝါဒများကိုပေးတော်မူသတည်း။ ထိုသြဝါဒများကိုတပည့်တော်အမြောက် အမြားပင်ကြားကြ၏။ သူတို့က ``ဤသွန်သင် တော်မူချက်တို့သည်ခက်ခဲလှသဖြင့် အဘယ် သူလိုက်နာနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့တပည့်တော်တို့သည်ညည်းတွားနေကြ သည်ကို သခင်ယေရှုသည်အလိုအလျောက်သိ တော်မူသဖြင့် ``ဤစကားကြောင့်သင်တို့စိတ် ပျက်ကြသလော။- အကယ်၍လူသားသည်မိမိနေရင်းရပ်ထံ သို့တက်ကြွတော်မူသည်ကိုမြင်ကြရပါမူ သင်တို့အဘယ်သို့ထင်မှတ်ကြမည်နည်း။- ဘုရားသခင်၏ဝိညာဉ်တော်ကသာလျှင် အသက်ကိုရှင်စေနိုင်၏။ လူတို့၏တန်ခိုး စွမ်းရည်မူကားမည်သို့မျှမတတ်နိုင်။ သင် တို့အားငါပြောသောစကားသည်အသက် ရှင်စေသည့်ဝိညာဉ်တော်နှင့်သက်ဆိုင်၏။- သို့သော်လည်းသင်တို့အနက်အချို့သောသူ တို့သည်မယုံကြည်ကြ'' ဟုမိန့်တော်မူ၏။ (မည် သူတို့မယုံကြည်ကြသည်ကိုလည်းကောင်း၊ မည်သူသည်ကိုယ်တော်အားရန်သူ့လက်သို့ အပ်နှံမည်ကိုလည်းကောင်း သခင်ယေရှုသည် အစကတည်းကပင်သိတော်မူပြီးဖြစ်၏။)- ဆက်လက်၍ကိုယ်တော်က ``ဤအကြောင်း ကြောင့်ခမည်းတော်အခွင့်ပေးတော်မမူ လျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင် ဟုသင်တို့အားငါဆိုခဲ့ပြီ'' ဟူ၍မိန့် တော်မူ၏။ ထိုအချိန်မှစ၍တပည့်တော်အများပင် အထံတော်မှဆုတ်ခွာလျက် ကိုယ်တော်နှင့် အတူမလိုက်ဘဲနေကြ၏။- သို့ဖြစ်၍သခင်ယေရှုက ``သင်တို့သည်လည်း ငါ့ထံမှထွက်ခွာသွားလိုကြပါသလော'' ဟုတပည့်တော်တစ်ကျိပ်နှစ်ပါးတို့အား မေးတော်မူ၏။ ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။- ထိုမှတစ်ပါးလည်းကိုယ်တော်ရှင်သည်ထာဝရ ဘုရားထံမှကြွလာသောသန့်ရှင်းသောအရှင် ဖြစ်တော်မူသည်ကို ယခုအကျွန်ုပ်တို့ယုံကြည် သိမြင်ကြပါပြီ'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။- ရှိမုန်ရှကာယုတ်၏သားယုဒသည်တစ်ကျိပ် နှစ်ပါးအပါအဝင်ဖြစ်သော်လည်း ကိုယ်တော် အားရန်သူ့လက်သို့အပ်မည့်သူဖြစ်သဖြင့် ထိုသူကိုရည်ဆောင်၍ဤသို့မိန့်တော်မူခြင်း ဖြစ်သတည်း။
ရှင်ယောဟန် 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 6:40-71
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ