နေထွက်လာသောအခါသခင်ယေရှုသည် ကမ်းစပ်တွင်ရပ်လျက်နေတော်မူ၏။ သို့ရာ တွင်တပည့်တော်တို့သည်သခင်ယေရှုဖြစ် မှန်းကိုမသိကြ။- ကိုယ်တော်က ``အမောင်တို့၊ ငါးမိကြပါ၏ လော'' ဟုမေးတော်မူ၏။ သူတို့က ``မမိပါ'' ဟုလျှောက်ထားကြ၏။ ကိုယ်တော်က ``သင်တို့လှေ၏လက်ယာဘက်သို့ ကွန်ကိုပစ်လော့၊ ငါးမိလိမ့်မည်'' ဟုမိန့်တော်မူ ၏။ မိန့်တော်မူသည့်အတိုင်းသူတို့သည်ကွန်ကို ပစ်ကြရာမိသည့်ငါးများလှသဖြင့်ကွန်ကို မဆွဲတင်နိုင်ကြချေ။ ထိုအခါသခင်ယေရှုချစ်တော်မူသောတပည့် တော်က ``ငါတို့၏သခင်ဘုရားပင်တည်း'' ဟု ပေတရုအားပြော၏။ ဤစကားကိုကြားသော အခါပေတရုသည်မိမိချွတ်ထားသည့်အဝတ် ကိုခါးတွင်ပတ်၍အိုင်ထဲသို့ခုန်ဆင်းလေ၏။- အခြားတပည့်တော်တို့မူကားကမ်းနှင့်မဝေး ဘဲကိုက်တစ်ရာခန့်သာကွာတော့သဖြင့် ငါး နှင့်ပြည့်နေသောကွန်ကိုဆွဲတင်လျက်လှေ နှင့်အတူလိုက်လာကြ၏။- သူတို့သည်လှေပေါ်ကဆင်း၍ကုန်းပေါ်သို့ ရောက်ကြသောအခါမုန့်ကိုလည်းကောင်း၊ မီးကျီးပေါ်တွင်ကင်ထားသောငါးကို လည်းကောင်းတွေ့ကြ၏။- သခင်ယေရှုက ``သင်တို့ယခုမိသောငါး အချို့ကိုယူခဲ့လော့'' ဟုမိန့်တော်မူ၏။ ရှိမုန်ပေတရုသည်လှေပေါ်သို့တက်၍ငါးကြီး များဖြင့်ပြည့်နေသောပိုက်ကွန်ကိုကုန်းပေါ်သို့ ရောက်အောင်ဆွဲယူလေ၏။ ငါးတစ်ရာ့ငါးဆယ့် သုံးကောင်ကိုမိ၍ ထိုမျှလောက်များပြားသော် လည်းကွန်မှာမစုတ်မပြတ်ချေ။- သခင်ယေရှုက ``လာ၍စားကြလော့'' ဟုသူ တို့အားမိန့်တော်မူ၏။ ကိုယ်တော်သည်မိမိတို့ ၏သခင်ဘုရားပင်ဖြစ်တော်မူကြောင်းကိုသိ ကြသဖြင့်အဘယ်တပည့်တော်မျှ ``အရှင် သည်အဘယ်သူနည်း'' ဟုမမေးမလျှောက် ဝံ့ကြ။- သခင်ယေရှုသည်သူတို့ရှိရာသို့ကြွတော်မူ ၍မုန့်ကိုယူပြီးလျှင်သူတို့အားပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပေးတော်မူ၏။ သေခြင်းမှထမြောက်တော်မူပြီးနောက်တပည့် တော်တို့အား ယခုကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်ဖြစ်သတည်း။ တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။- တစ်ဖန်ကိုယ်တော်က ``ယောဟန်၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ပေတရုက ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟုမိန့် တော်မူ၏။- တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။- အမှန်အကန်သင့်အားငါဆိုသည်ကားသင် သည်ငယ်ရွယ်စဉ်အခါကခါးကိုစည်း၍သွား လိုရာသို့သွားတတ်၏။ အိုမင်းလာသောအခါ မူကားသင်သည်လက်နှစ်ဖက်ကိုဆန့်လျက် သူ တစ်ပါးကသင့်ကိုချည်နှောင်ပြီးလျှင်သင် မသွားလိုသည့်အရပ်သို့ဆောင်သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။- (ဤသို့မိန့်တော်မူရာ၌ပေတရုသည်အဘယ် သို့သောသေခြင်းမျိုးဖြင့်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုထွန်းတောက်စေမည့် အကြောင်းဖော်ပြတော်မူခြင်းဖြစ်၏။) ဤ သို့မြွက်ဆိုတော်မူပြီးနောက်ပေတရုအား ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။
ရှင်ယောဟန် 21 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 21:4-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ