YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:15-19

ရှင်ယောဟန် 17:15-19 BCL

သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။- အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။- သူ​တို့​အား​သမ္မာ​တ​ရား​အား​ဖြင့်​ကိုယ်​တော် ၏​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​သမ္မာ​တ​ရား ဖြစ်​ပါ​၏။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​ကို​ဤ​လော​က​ထဲ​သို့​စေ​လွှတ်​ပါ​၏။- သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''