YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 13:18-38

ရှင်ယောဟန် 13:18-38 BCL

``သင်​တို့​အား​လုံး​ကို​ရည်​မှတ်​၍​ငါ​ပြော​သည် မ​ဟုတ်။ ငါ​ရွေး​ကောက်​ထား​သူ​များ​ကို​ငါ​သိ ၏။ သို့​သော်​ကျမ်း​စာ​တော်​တွင်`ငါ​၏​ထ​မင်း​ကို စား​သူ​သည်​ငါ့​ကို​ခြေ​နှင့်​ကျောက်​လေ​ပြီ' ဟု ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်။- ထို​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ `ငါ​သည်​ငါ ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်​သည်​ကို' သင်​တို့ ယုံ​ကြည်​လာ​ကြ​စေ​ရန်​ယ​ခု​က​ပင်​ကြို တင်​၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​စေ​လွှတ်​သော​သူ​ကို​လက်​ခံ​သူ​သည်​ငါ့ ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ​သ​ခင်​ယေ​ရှု သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​တော်​မူ​၍ ``အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့ အ​နက်​တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​လိမ့်​မည်'' ဟု​ပွင့်​လင်း​စွာ​မိန့် တော်​မူ​၏။ အ​ဘယ်​သူ​ကို​ရည်​ဆောင်​၍​မိန့်​တော်​မူ​သည် ကို​တ​ပည့်​တော်​တို့​တွေး​၍​မ​ရ​နိုင်​ကြ​သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ကြည့် ကြ​၏။- ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ကိုယ်​တော်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​လျက်​နေ​၏။- ရှိ​မုန်​ပေ​တ​ရု​က ``ကိုယ်​တော်​သည်​မည်​သူ့​ကို ဆို​လို​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ရန်​ထို​တ​ပည့်​အား​မျက်​ရိပ်​ပြ​၍​ခိုင်း​၏။ ထို​တ​ပည့်​တော်​သည် သ​ခင်​ယေ​ရှု​၏​အ​နီး သို့​ကပ်​ပြီး​လျှင် ``သ​ခင်၊ ထို​သူ​သည်​မည်​သူ ဖြစ်​ပါ​သ​နည်း'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ဤ​မုန့်​တစ်​ဖဲ့​ကို​ဟင်း​ပန်း ကန်​တွင်​နှစ်​၍​ငါ​ပေး​သူ​သည်​ထို​သူ​ပင်​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မုန့်​တစ်​ဖဲ့​ကို ဟင်း​ပန်း​ကန်​တွင်​နှစ်​ပြီး​လျှင် ရှိ​မုန်​ရှ​ကာ​ရုတ် ၏​သား​ယု​ဒ​အား​ပေး​တော်​မူ​၏။- ထို​မုန့်​ကို​ယု​ဒ​စား​လိုက်​သည်​နှင့်​တစ်​ပြိုင် နက်​စာ​တန်​သည်​သူ​၏​အ​ထဲ​သို့​ဝင်​လေ​၏။ သ​ခင်​ယေ​ရှု​က ``သင်​ပြု​ရ​မည့်​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။- ယု​ဒ​အား​အ​ဘယ်​ကြောင့်​ထို​သို့​မိန့်​တော်​မူ သည်​ကို စား​ပွဲ​တွင်​ထိုင်​နေ​သူ​တစ်​ယောက်​မျှ မ​သိ။- ယုဒ​သည်​ငွေ​အိတ်​ကို​ကိုင်​ဆောင်​ရ​သူ​ဖြစ်​၍ ပွဲ​တော်​အ​တွက်​လို​အပ်​သည်​များ​ကို​ဝယ်​ယူ ရန်​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​ရန် ဖြစ်​စေ​သ​ခင်​ယေ​ရှု​မှာ​ကြား​တော်​မူ​သည် ဟု အ​ချို့​သော​တ​ပည့်​တော်​တို့​က​ထင်​မှတ် ကြ​၏။ ယု​ဒ​ရှ​ကာ​ရုတ်​သည်​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ ပြီး​လျှင်​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ချိန်​ကား​ည​အ​ချိန်​ဖြစ်​သ​တည်း။ ယု​ဒ​ထွက်​သွား​ပြီး​နောက်​သ​ခင်​ယေ​ရှု​က ``ယ​ခု လူ​သား​သည်​ဘုန်း​အ​သ​ရေ​ထွန်း​တော်​မူ​လေ ပြီ၊ ဘု​ရား​သ​ခင်​သည်​လည်း​လူ​သား​အား​ဖြင့် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပြီ။- ဘု​ရား​သ​ခင်​သည်​လူ​သား​အား​ဖြင့်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​လျှင် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့် လူ​သား​အား ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့် မည်။- ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ခ​ဏ​မျှ သာ​နေ​ရ​ပေ​တော့​အံ့။ သင်​တို့​သည်​ငါ့​ကို​ရှာ ကြ​လိမ့်​မည်။ `ငါ​သွား​ရာ​သို့​သင်​တို့​မ​လိုက် နိုင်​ကြ' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ခဲ့ သည်​အ​တိုင်း​သင်​တို့​အား​လည်း​ယ​ခု​ငါ ပြော​၏။- အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​သစ် ကို​သင်​တို့​အား​ငါ​ပေး​၏။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ​သင်​တို့​သည်​လည်း​အ​ချင်း ချင်း​ချစ်​ကြ​ရ​မည်။- သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင်​လူ​အ​ပေါင်း တို့​သည် ထို​မေတ္တာ​ကို​ထောက်​၍​သင်​တို့​သည်​ငါ ၏​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ရှိ​မုန်​ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သွား​ရာ​ကို​သင်​ယ​ခု မ​လိုက်​နိုင်။ နောင်​အ​ခါ​မှ​လိုက်​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။ ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​ကြောင့်​ယ​ခု အ​ကျွန်ုပ်​မ​လိုက်​နိုင်​ပါ​သ​နည်း။ ကိုယ်​တော် ၏​အ​တွက်​အ​ကျွန်ုပ်​သည်​အ​သက်​ကို​ပင်​စွန့် ပါ​မည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​အ​တွက်​အ​သက် စွန့်​မည်​လော။ အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည် ကား ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

ရှင်ယောဟန် 13:18-38 အကြောင်း ဗီဒီယိုများ