YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:17-44

ရှင်ယောဟန် 11:17-44 BCL

သ​ခင်​ယေ​ရှု​ရောက်​တော်​မူ​သော​အ​ခါ​လာ​ဇ​ရု အား​သ​င်္ဂြိုဟ်​ခဲ့​သည်​မှာ​လေး​ရက်​မျှ​ရှိ​ပြီ​ဖြစ် ကြောင်း​တွေ့​ရှိ​တော်​မူ​၏။- ဗေ​သ​နိ​ရွာ​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​နှစ် မိုင်​ပင်​မ​ဝေး​ချေ။ ယု​ဒ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပင် မာ​ရိ​နှင့်​မာ​သ​တို့​၏​မောင်​သေ​ဆုံး​သော ကြောင့်​သူ​တို့​ကို​နှစ်​သိမ့်​ရန်​လာ​ရောက်​ကြ ၏။ မာ​သ​သည်​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ ကြောင်း​ကို​ကြား​လျှင် ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​သွား​၏။ မာ​ရိ​မူ​ကား​အိမ်​တွင်​ထိုင် လျက်​နေ​ရစ်​၏။- မာ​သ​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​သာ​ဤ အ​ရပ်​တွင်​ရှိ​ခဲ့​ပါ​မူ​ကျွန်​မ​၏​မောင်​သေ မည်​မ​ဟုတ်​ပါ။- ယ​ခု​ပင်​လျှင်​အ​ရှင်​တောင်း​ခံ​သ​မျှ​သော အ​ရာ​တို့​ကို​ဘု​ရား​သ​ခင်​ချ​ပေး​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​သ​ခင် ယေ​ရှု​အား​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​၏​မောင်​သည်​အ​သက် ပြန်​၍​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မာ​သ​က ``နောက်​ဆုံး​သော​နေ့​၌​သူ​သေ​တို့ ထ​မြောက်​ကြ​သော​အ​ခါ သူ​သည်​အ​သက် ပြန်​၍​ရှင်​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု လျှောက်​၏။- သ​ခင်​ယေရှု​က ``ငါ​သည်​အ​သက်​ရှင်​ခြင်း၊ ရှင် ပြန်​ထ​မြောက်​ခြင်း​အ​ရှင်​ဖြစ်​၏။ ငါ့​ကို​ယုံ ကြည်​သော​သူ​သည်​သေ​သော်​လည်း​ရှင်​လိမ့် မည်။- ငါ့​ကို​ယုံ​ကြည်​၍​ယ​ခု​အ​သက်​ရှင်​လျက်​ရှိ သော​သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​သေ​ရ လိမ့်​မည်​မ​ဟုတ်။ ငါ့​စ​ကား​ကို​သင်​ယုံ​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။ မာ​သ​က ``ယုံ​ပါ​၏​သ​ခင်။ အ​ရှင်​သည်​ဤ လော​က​သို့​ကြွ​လာ​မည့်​ဘု​ရား​သ​ခင်​၏ သား​တော်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​၏'' ဟု​လျှောက်​၏။ ဤ​သို့​လျှောက်​ထား​ပြီး​လျှင်​မာ​သ​သည်​အိမ် သို့​ပြန်​၍​ညီ​မ​မာ​ရိ​ကို​တိတ်​တ​ဆိတ်​ခေါ် ပြီး​နောက် ``ဆ​ရာ​တော်​ကြွ​လာ​တော်​မူ​ပြီ။ သင့်​အား​မေး​လျက်​နေ​သည်'' ဟု​ပြော​ကြား​၏။- ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​အ​လျင် အ​မြန်​ထ​၍​အ​ထံ​တော်​သို့​သွား​လေ​၏။- သ​ခင်​ယေ​ရှု​သည်​ကား​ရွာ​ထဲ​သို့​မ​ဝင်​ရ​သေး။ မာ​သ​သွား​ရောက်​ကြို​ဆို​ရာ​အ​ရပ်​မှာ​ပင်​ရှိ တော်​မူ​၏။- မာ​ရိ​အား​နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​အိမ် တွင်​ရှိ​နေ​ကြ​သော​လူ​တို့​သည်​မာ​ရိ​အ​လျင် အ​မြန်​ထ​၍​ထွက်​သွား​သည်​ကို​မြင်​လျှင် ငို ကြွေး​ရန်​သင်္ချိုင်း​သို့​သွား​သည်​ဟု​ထင်​မှတ် ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မာ​ရိ​၏​နောက် သို့​လိုက်​သွား​ကြ​၏။ မာ​ရိ​သည်​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ်​သို့​ရောက် သော​အ​ခါ ကိုယ်​တော်​ကို​မြင်​သ​ဖြင့်​ခြေ​တော် ရင်း​မှာ​ပျပ်​ဝပ်​လျက် ``အ​ရှင်​ဘု​ရား၊ အ​ရှင် သာ​ဤ​အ​ရပ်​မှာ​ရှိ​တော်​မူ​ခဲ့​ပါ​လျှင်​ကျွန်​မ မောင်​သည်​သေ​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက် ထား​၏။ သ​ခင်​ယေ​ရှု​သည်​မာ​ရိ​ငို​ယို​နေ​သည်​ကို လည်း​ကောင်း၊ သူ​နှင့်​အ​တူ​ပါ​လာ​ကြ​သော လူ​တို့​သည်​လည်း​ငို​ယို​နေ​ကြ​သည်​ကို​လည်း ကောင်း​မြင်​တော်​မူ​သ​ဖြင့် စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​တော်​မူ​၏။- ကိုယ်​တော်​က ``သူ့​အလောင်း​ကို​အ​ဘယ်​မှာ သင်္ဂြိုဟ်​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သ​ခင်​ကြွ​၍​ကြည့်​တော်​မူ ပါ'' ဟု​လျှောက်​ထား​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​မျက်​ရည်​ကျ​တော်​မူ​၏။ ထို​အ​ခါ​လူ​တို့​က ``ကြည့်​ပါ၊ သူ​သည် လာ​ဇ​ရု​ကို​အ​လွန်​ချစ်​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- အ​ချို့​သော​သူ​တို့​က​မူ ``မျက်​မ​မြင်​ကို မျက်​စိ​မြင်​စေ​သော​သူ​သည်​လာ​ဇ​ရု​ကို မ​သေ​ရ​အောင်​မ​တတ်​နိုင်​ပါ​သ​လော'' ဟု ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။- သ​ခင်​ယေ​ရှု​က ``ကျောက်​တုံး​ကို​ရွှေ့​လိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သေ​လွန်​သူ​၏​အစ်​မ၊ မာ​သ​က ``အ​ရှင် ဘု​ရား၊ ယ​ခု​အ​ခါ​ဆို​လျှင်​အ​နံ့​ထွက် နေ​ပါ​လိမ့်​မည်။ သူ​သေ​သည်​မှာ​လေး​ရက် ရှိ​ပါ​ပြီ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​ယုံ​ကြည်​လျှင်​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​လိမ့် မည်​ဟူ​၍​ငါ​ပြော​သည်​မ​ဟုတ်​လော'' ဟု မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​လူ​တို့​သည်​ကျောက်​တုံး​ကို​ရွှေ့​လိုက် ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​အ​ထက် သို့​မျှော်​ကြည့်​လျက် ``ခ​မည်း​တော်၊ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​၏​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကြီး​ပါ​၏။- ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​ကျွန်ုပ် ၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အား ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ဤ လူ​အ​ပေါင်း​တို့​ယုံ​ကြည်​ကြ​စေ​ရန် သူ​တို့​၏ အ​ကျိုး​ကို​ထောက်​၍​အ​ကျွန်ုပ်​ဤ​သို့​လျှောက် ပါ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။- ထို​နောက် ``လာ​ဇ​ရု၊ ထွက်​ခဲ့​လော့'' ဟု​ကျယ်​စွာ အ​မိန့်​ပေး​တော်​မူ​၏။- ထို​အ​ခါ​သေ​လွန်​သော​သူ​သည်​ခြေ​လက်​၌ အ​ဝတ်​ဖြင့်​ပတ်​လျက်၊ မျက်​နှာ​၌​ပ​ဝါ​ဖြင့် စည်း​လျက်​ထွက်​လာ​လေ​သည်။ သ​ခင်​ယေ​ရှု က ``သူ့​အား​ပတ်​ထား​သည့်​အ​ဝတ်​များ​ကို ဖြေ​ပေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

​ရှင်ယောဟန် 11:17-44 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။