YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 10:14-18

ရှင်ယောဟန် 10:14-18 BCL

ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။- ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။ ``ငါ​သည်​အ​သက်​ကို တစ်​ဖန်​ပြန်​လည်​ရ​ရှိ​စေ ရန် ကိုယ့်​အ​သက်​ကို​စွန့်​သော​ကြောင့်​ခ​မည်း​တော် သည်​ငါ့​ကို​ချစ်​တော်​မူ​၏။- အ​ဘယ်​သူ​မျှ​ငါ့​အသက်​ကို​စွန့်​စေ​သည်​မ​ဟုတ်။ ငါ့​အ​လို​အ​လျောက်​စွန့်​ခြင်း​ဖြစ်​၏။ ငါ့​မှာ အ​သက်​ကို​စွန့်​ပိုင်​ခွင့်၊ ပြန်​ယူ​ပိုင်​ခွင့်​ရှိ​၏။ ဤ သို့​ပြု​ရန်​ခ​မည်း​တော်​က​ငါ့​အား​စေ​ခိုင်း တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

​ရှင်ယောဟန် 10:14-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။