YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေ​ရ​မိ 14:7-9

ယေ​ရ​မိ 14:7-9 BCL

ငါ​၏​လူ​မျိုး​တော်​က​ငါ့​အား `ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​၏ စွပ်​စွဲ​ခြင်း​ကို​ခံ​၍​နေ​ရ​သော်​လည်း၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ထောက်​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​ရှင်​ကို ကျော​ခိုင်း​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သာ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏ မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​သော​အ​ခါ ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​ဧည့်​သည်​ကဲ့​သို့၊ တစ်​ညဥ့်​မျှ​သာ​တည်း​ခို​သည့်​ခ​ရီး​သည်​ကဲ့​သို့ ပြု​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် အ​ငိုက်​မိ​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကူ​မ​နိုင်​စွမ်း​မ​ရှိ​သည့်​စစ်​သူ​ရဲ​ကဲ့​သို့ လည်း​ကောင်း ဖြစ်​တော်​မူ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​မှန်​ပင် ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ဆောင်​သော​သူ​ဖြစ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ နှင့်' ဟု​လျှောက်​ထား​ကြ​၏။''