သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။- သင်တို့သည်လည်းသည်းခံ၍စောင့်မျှော်နေ ကြလော့။ သခင်ဘုရားကြွလာတော်မူမည့် နေ့ရက်ကာလသည်နီးကပ်လာပြီဖြစ်၍ သင်တို့၏မျှော်လင့်ချက်ကိုခိုင်မာစေကြလော့။ ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း အချင်းချင်းတစ်ယောက်ကိုတစ်ယောက်အပြစ် မတင်ကြနှင့်။ တရားစီရင်တော်မူသောအရှင် သည်ဤအရပ်သို့ရောက်ရှိကာတံခါးဝ၌ ရပ်လျက်နေတော်မူလေပြီ။- ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော် ကိုအမှီပြု၍ဟောပြောခဲ့ကြသောပရောဖက် တို့၏အကြောင်းကိုသတိရလော့။ ဆင်းရဲဒုက္ခ ရောက်သောအခါသူတို့တွင်ခံနိုင်ရည်ရှိပုံကို စံနမူနာယူကြလော့။- သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။
ယာကုပ် 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယာကုပ် 5:7-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ