YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေ​ရှာ​ယ 53:3-5

ဟေ​ရှာ​ယ 53:3-5 BCL

ငါ​တို့​သည်​သူ့​အား​စက်​ဆုတ်​ရွံ​ရှာ​၍​ပစ်​ပယ် ထား​ကြ​၏။ သူ​သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။ သူ့​ကို​လှည့်​၍​ပင်​ကြည့်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။ ငါ​တို့​သည်​သူ့​အား​တန်​ဖိုး​မဲ့​သူ​အ​လား လျစ်​လူ​ရှု​၍​ထား​ကြ​၏။ ``သို့​ရာ​တွင်​သူ​သည်​ငါ​တို့​ခံ​ထိုက်​သည့်​ဆင်း​ရဲ ဒုက္ခ​ကို​လည်း​ကောင်း၊ ငါ​တို့​ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ပေ​သည်။ ယင်း​သို့​သူ​ခံ​စား​လျက်​နေ​ရ​သည့်​ဒုက္ခ​ဝေ​ဒ​နာ ကို​ပင်​လျှင်၊ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​သည့် အ​ပြစ်​ဒဏ်​ဟု​ငါ​တို့​ထင်​မှတ်​ကြ​၏။ သို့​နှင့်​လည်း​သူ​သည်​ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် ထိုး​နှက်​သည့်​ဒဏ်​ရာ​များ​ကို​ရ​ရှိ​လျက်၊ ငါ​တို့​ပြု​သည်​မ​ကောင်း​မှု​များ​အ​တွက် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​၏။ သူ​သည်​ယင်း​သို့​အ​ပြစ်​ဒဏ်​ခံ​ယူ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​ပြစ်​ဖြေ​လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သူ​ခံ​ရ​သော​ဒဏ်​ရာ​ဒဏ်​ချက်​အား​ဖြင့်​ငါ တို့​သည် အ​နာ​ပျောက်​ကင်း​ခွင့်​ကို​ရ​ရှိ​ကြ​၏။

​ဟေ​ရှာ​ယ 53:3-5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။