YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေ​ရှာ​ယ 50:4-8

ဟေ​ရှာ​ယ 50:4-8 BCL

မော​ပန်း​နွမ်း​နယ်​သူ​အား၊အား​အင်​ဖြည့်​တင်း​ပေး နိုင်​ရန် အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သွန်​သင်​ပေး​တော်​မူ​လေ​ပြီ။ မိ​မိ​သွန်​သင်​တော်​မူ​မည့်​အ​ရာ​ကို​နား​ထောင်​ရန် ကိုယ်​တော်​သည်​ငါ့​အား​နံ​နက်​တိုင်း​စိတ်​စော​လျက် နေ​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နား​လည်​နိုင်​သော သ​ဘော​ကို​ပေး​တော်​မူ​ပြီ​ဖြစ်​၍၊ ငါ​သည်​ကိုယ်​တော်​ကို​မ​ပုန်​ကန်။ အ​ထံ​တော်​မှ​လည်း​သွေ​ရှောင်​၍​မ​သွား​ပါ။ ငါ​သည်​မိ​မိ​ကို​ရိုက်​နှက်​သူ​တို့​အား​ကျော​ခင်း ၍ ပေး​ပါ​၏။ ငါ​၏​မုတ်​ဆိတ်​မွေး​တို့​ကို​ဆွဲ​နုတ်​ပြီး​လျှင် ငါ​၏​မျက်​နှာ​ကို​တံ​တွေး​နှင့်​ထွေး​၍၊ ငါ့​ကို​သူ​တို့​စော်​ကား​ကြ​သော​အ​ခါ​ငါ​သည် သူ​တို့​အား​ဆီး​တား​မှု​ကို​မ​ပြု။ သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ကူ​မ​တော်​မူ​သည်​ဖြစ်​၍၊ ထို​သူ​တို့​၏​စော်​ကား​မှု​များ​သည်​ငါ့​ကို ဘေး​အန္တ​ရာယ်​မ​ဖြစ်​စေ​နိုင်။ ထို​အ​ရာ​တို့​ကို​ခံ​နိုင်​ရန်​ငါ​သည်​အား​တင်း​၍ ထား​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​နီး​တွင်​ရှိ​တော်​မူ​၍၊ ငါ​၌​အ​ပြစ်​မဲ့​ပုံ​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား ပြ​တော်​မူ​မည်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​အ​သ​ရေ​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ကို သိ​ပါ​၏။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​ရဲ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ရုံး​တော်​သို့​သွား​ကြ​ကုန်​အံ့။ ထို​သူ​သည်​မိ​မိ​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ပါ​စေ။