YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေ​ရှာ​ယ 5:1-7

ဟေ​ရှာ​ယ 5:1-7 BCL

နား​ထောင်​လော့။ ငါ​၏​မိတ်​ဆွေ​နှင့်​သူ​၏​စ​ပျစ်​ဥ​ယျာဉ်​အ​ကြောင်း ဤ​သီ​ချင်း​ကို​သင့်​အား​ငါ​သီ​ဆို​၍​ပြ​မည်။ အ​လွန်​မြေ​သြ​ဇာ​ကောင်း​သည့် တောင်​ကုန်း​တစ်​ခု​ပေါ်​တွင်၊ ငါ့​မိတ်​ဆွေ​၏​စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ သူ​သည်​မြေ​ကို​တူး​ဆွ​၍​ကျောက်​ခဲ​များ​ကို ဖယ်​ရှား​ပစ်​ကာ၊ မျိုး​ကောင်း​မျိုး​သန့်​စ​ပျစ်​ပင်​များ​ကို​စိုက်​၏။ သူ​သည်​ထို​အ​ပင်​တို့​စောင့်​ကြပ်​ကြည့်​ရှု​ရန် လင့်​စင်​တစ်​ခု​ကို​တည်​ဆောက်​၏။ စ​ပျစ်​သီး​နယ်​ရန်​ကျင်း​တစ်​ခု​ကို​လည်း တူး​၏။ သူ​သည်​စ​ပျစ်​သီး​မှည့်​ချိန်​ကို​စောင့်​ဆိုင်း​လျက် နေ​၏။ သို့​ရာ​တွင်​စ​ပျစ်​သီး​မှန်​သ​မျှ​သည်​ချဉ်​၍ နေ​တော့​၏။ သို့​ဖြစ်​၍​ငါ​၏​မိတ်​ဆွေ​က``အ​ချင်း​ယေ​ရု ရှ​လင်​မြို့​သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့၊ ငါ နှင့်​ငါ့​စ​ပျစ်​ဥ​ယျာဉ်​၏​အ​မှု​ကို​စီ​ရင်​ဆုံး ဖြတ်​ကြ​လော့။- ထို​ဥ​ယျာဉ်​ကို​ပြု​စု​ရာ​တွင်​ငါ့​မှာ​အ​ဘယ် လစ်​ဟင်း​မှု​ရှိ​ပါ​သ​နည်း။ သို့​ပါ​လျက်​စ​ပျစ် ပင်​များ​သည် အ​ဘယ်​ကြောင့်​ငါ​မျှော်​လင့်​သည့် အ​တိုင်း​စ​ပျစ်​သီး​ကောင်း​များ​အ​စား​စ​ပျစ် သီး​ချဉ်​များ​ကို​သီး​ရ​ပါ​သ​နည်း။ ``ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ဤ​သို့​ပြု​မည်။ ယင်း​၏​ခြံ​စည်း​ရိုး​ကို​ဖယ်​ရှား​ပစ်​ပြီး​လျှင် အုတ်​ရိုး​ကို​လည်း​ဖြို​ချ​ကာ​တော​တိ​ရစ္ဆာန် များ​အား​စား​သောက်​နင်း​ချေ​စေ​မည်။- ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။ ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။