YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေ​ရှာ​ယ 49:14-26

ဟေ​ရှာ​ယ 49:14-26 BCL

သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စွန့်​ပစ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မေ့​လျော့​တော်​မူ​ပါ​ပြီ တ​ကား'' ဟု​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က ``မိ​ခင်​တစ်​ဦး​သည်​မိ​မိ​၏​ရင်​ခွင်​မှ​ရင် သွေး​ငယ်​ကို မေ့​လျော့​နိုင်​ပါ​မည်​လော။ မိ​မိ​ကိုယ်​ဝန်​ဆောင်​ခဲ့​သော​က​လေး​ကို​မ​ချစ်​ဘဲ နေ​နိုင်​ပါ​မည်​လော။ မိ​ခင်​ဖြစ်​သူ​သည်​က​လေး​ငယ်​ကို​မေ့​လျော့​သည် ဆို​စေ​ဦး၊ ငါ​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ လိမ့်​မည်​မ​ဟုတ်။ အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင့်​ကို​အ​ဘယ်​အ​ခါ ၌​မျှ မ​မေ့​မ​လျော့​နိုင်။ ငါ​၏​လက်​ဝါး​တွင်​သင်​၏​နာ​မည်​ကို ရေး​မှတ်​၍​ထား​လေ​ပြီ။ ``သင့်​ကို​ပြန်​လည်​ထူ​ထောင်​ကြ​မည့်​လူ​တို့​သည် မ​ကြာ​မီ​ရောက်​ရှိ​လာ​လိမ့်​မည်။ သင့်​ကို​ပျက်​ပြုန်း​စေ​ခဲ့​သော​သူ​တို့​မူ​ကား ထွက်​ခွာ​သွား​ရ​ကြ​လိမ့်​မည်။ သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက် လျက် ရှိ​သည်​ကို​လှည့်​၍​ကြည့်​ပါ​လော့။ သင်​၏​အ​မျိုး​သား​တို့​သည်​စု​ရုံး​လျက် မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဝတ်​ဆင်​ထား​သည့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့​မိ​မိ​၏ အ​မျိုး​သား​များ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား ရ​လိမ့်​မည်။ ``သင်​၏​ပြည်​သည်​ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ ဆိတ်​ငြိမ်​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​လာ​ရောက်​နေ​ထိုင်​ကြ​မည့် သူ​များ​အ​တွက် ထို​ပြည်​သည်​ကျဉ်း​လျက်​ပင်​နေ​လိမ့်​မည်။ သင့်​အား​ယို​ယွင်း​ပျက်​စီး​စေ​သူ​တို့​မူ​ကား၊ ရပ်​ဝေး​သို့​ရောက်​ရှိ​နေ​ကြ​လိမ့်​မည်။ ပြည်​နယ်​ဒဏ်​သင့်​ရာ​တွင်​မွေး​ဖွား​ခဲ့​သည့် သင်​၏​အ​မျိုး​သား​တို့​သည်​တစ်​နေ့​သော​အ​ခါ​၌ သင့်​အား`ဤ​ပြည်​သည်​ငယ်​လွန်း​ပါ​၏။ ငါ​တို့​နေ​ထိုင်​ရန်​နေ​ရာ​ထပ်​၍​လို​ပါ​သည်' ဟု​ဆို​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင်​သည်​မိ​မိ​ကိုယ်​ကို​ပြန်​၍၊ `ငါ​သည်​ဤ​သား​သ​မီး​များ​ကို​အ​ဘယ်​သူ​နှင့် ရ​ရှိ​ပါ​သ​နည်း။ ငါ​၏​သား​သ​မီး​များ​သည်​သေ​ဆုံး​သွား​ပြီ​ဖြစ်​၍ ငါ့​မှာ​သား​သ​မီး​မ​ရှိ​နိုင်​တော့​ပါ။ ငါ​သည်​ရပ်​ဝေး​သို့​ပြည်​နှင်​ဒဏ်​သင့်​၍ နှင်​ထုတ်​ခံ​ခဲ့​ရ​သ​ဖြင့် ဤ​သား​သ​မီး​တို့​ကို​အ​ဘယ်​သူ​ကျွေး​မွေး​ပြု​စု ခဲ့​ပါ​သ​နည်း။ ငါ​သည်​တစ်​ကိုယ်​တည်း​သာ​လျှင်​ကျန်​ရှိ​ခဲ့​၏။ ဤ​သား​သ​မီး​များ​ကား၊အ​ဘယ်​အ​ရပ်​မှ ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ လူ​မျိုး​တော်​အား ``ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​အ​ချက် ပေး​လိုက်​သော​အ​ခါ၊ သူ​တို့​သည်​သင်​တို့​၏​သား​သ​မီး​များ​ကို ခေါ်​ဆောင်​လာ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​ရှင်​သည်​စစ်​သည်​သူ​ရဲ​ထံ​မှ​သူ​၏ လု​ရာ​ပါ ပစ္စည်း​ကို​သိမ်း​ယူ​နိုင်​ပါ​သ​လော။ မင်း​ဆိုး​မင်း​ညစ်​၏​လက်​မှ​သုံ့​ပန်း​များ​ကို ကယ်​ဆယ်​နိုင်​ပါ​သ​လော။ ထာ​ဝ​ရ​ဘု​ရား​က၊ ``ယ​ခု​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​သည် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ စစ်​သည်​သူ​ရဲ​ဖမ်း​ဆီး​ထား​သည့်​သုံ့​ပန်း​များ​ကို ငါ​လွှတ်​ပစ်​မည်။ မင်း​ဆိုး​မင်း​ညစ်​၏​လု​ရာ​ပါ​ပစ္စည်း​များ​ကို ငါ​သိမ်း​ဆည်း​မည်။ ငါ​သည်​သင့်​ကို​တိုက်​ခိုက်​သူ​တို့​အား​တိုက်​ခိုက်​၍၊ သင်​၏​သား​သ​မီး​များ​ကို​ကယ်​ဆယ်​မည်။ ငါ​သည်​သင့်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​အား အ​ချင်း​ချင်း​သတ်​ဖြတ်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​ကို​ကယ်​တင်​ရွေး​နုတ် တော်​မူ​သော​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​အ​ပေါင်း​တို့ သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တန်​ခိုး တော်​ရှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။