YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေ​ဗြဲ 13:1-8

ဟေ​ဗြဲ 13:1-8 BCL

သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ချစ်​မြဲ​ချစ်​ကြ​လော့။- ဧည့်​သည်​ဝတ်​ကို​ပြု​ရန်​မ​မေ့​ကြ​နှင့်။ ယင်း သို့​ဧည့်​ဝတ်​ကို​ပြု​သော​သူ​အ​ချို့​တို့​သည် ကောင်း​ကင်​တ​မန်​များ​ကို​အ​မှတ်​မ​ထင် ဧည့်​ခံ​ခဲ့​ကြ​ပေ​သည်။- သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။ ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။- ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။ သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို ဟော​ပြော​ခဲ့​သော​သင်​တို့​၏​ခေါင်း​ဆောင်​များ ကို​သ​တိ​ရ​ကြ​လော့။ သူ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​သည်၊ အ​ဘယ်​သို့​သေ​လွန်​သွား ကြ​သည်​ကို​ဆင်​ခြင်​စဉ်း​စား​ကြ​ပြီး​နောက် သူ​တို့​ယုံ​ကြည်​ခြင်း​ကို​အ​တု​ယူ​ကြ​လော့။- ယေ​ရှု​ခ​ရစ်​သည်​မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ​မ​ပြောင်း​မ​လဲ​နေ​တော်​မူ​၏။