သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။- သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။- သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။ ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။- ထိုစဉ်အခါကကိုယ်တော်၏အသံတော် သည်ကမ္ဘာမြေကြီးကိုတုန်လှုပ်စေတော်မူ၏။ ကိုယ်တော်က``ငါသည်နောက်တစ်ကြိမ်ကမ္ဘာ မြေကြီးကိုသာမကကောင်းကင်ကိုလည်း တုန်လှုပ်စေဦးမည်'' ဟုကတိထားတော် မူလေပြီ။- ``နောက်တစ်ကြိမ်'' ဟူသောစကားသည်အဖန် ဆင်းခံအရာအပေါင်းတို့ကိုတုန်လှုပ်ပယ် ဖျက်တော်မူမည်ဖြစ်သဖြင့်မတုန်လှုပ်နိုင် သောအရာတို့သာလျှင်ကျန်ရစ်တည်ရှိ ကြလိမ့်မည်ဟုဆိုလိုသတည်း။ ထို့ကြောင့်ငါတို့ရရှိကြသည့်နိုင်ငံတော် သည်မတုန်မလှုပ်နိုင်သည်ဖြစ်ရာငါတို့ သည်ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ငါ တို့သည်ကျေးဇူးတင်၍ကြောက်ရွံ့ရိုသေ သောသဘောနှင့်ကိုယ်တော်အား နှစ်သက် တော်မူသောနည်းဖြင့်ဝတ်ပြုကိုးကွယ် ကြကုန်အံ့။- အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။
ဟေဗြဲ 12 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 12:22-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ