ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။- ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။ အပြစ်သားတို့၏ပြင်းထန်စွာမုန်းတီးခြင်း ကိုကိုယ်တော်အဘယ်မျှခံတော်မူကြောင်း သင်တို့ထောက်ရှုဆင်ခြင်လျက်စိတ်ပျက် အားလျော့ခြင်းမရှိကြနှင့်။- သင်တို့သည်အပြစ်ဒုစရိုက်နှင့်ဆိုင်ပြိုင် တိုက်ခိုက်ကြရာတွင် ယခုအချိန်အထိ သေဘေးနှင့်ရင်မဆိုင်ကြရသေးပေ။- ကျမ်းစာတော်တွင်ဘုရားသခင်က၊ ``ငါ့သား၊ထာဝရဘုရားပဲ့ပြင်တော်မူသည်ကို ဂရုပြုလော့။ ဆုံးမတော်မူသောအခါစိတ် မပျက်နှင့်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိ ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၍ သားအဖြစ်လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်သောကြောင့်ဖြစ်၏'' ဟုသင်တို့အားသားများအနေဖြင့်အား ပေးတိုက်တွန်းထားသည်ကိုသင်တို့မေ့ လျော့သွားကြလေပြီလော။
ဟေဗြဲ 12 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 12:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ