ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အားကောင်းချီးပေး၍``သင်တို့၏သားစဉ်မြေးဆက်တို့သည်မြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်ကြစေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့။- တိရစ္ဆာန်၊ ငှက်၊ ငါးအပေါင်းတို့သည်သင်တို့ကိုကြောက်ရွံ့ရကြလိမ့်မည်။ ထိုသတ္တဝါတို့ကိုသင်တို့လက်၌ငါအပ်ပေး၏။- သင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။- သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။- လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။- လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။ ``သင်တို့၏သားစဉ်မြေးဆက်တို့သည်ကမ္ဘာမြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်စေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့'' ဟုမိန့်တော်မူ၏။ ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အား၊- ``သင်တို့နှင့်လည်းကောင်း၊ သင်တို့မှဆင်းသက်သောမျိုးဆက်များနှင့်လည်းကောင်း၊- သင်္ဘောထဲမှသင်တို့နှင့်အတူထွက်လာသောသက်ရှိသတ္တဝါဖြစ်သည့်ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့နှင့်လည်းကောင်းငါသည်ယခုပဋိညာဉ်ပြု၏။- သင်တို့နှင့်ငါယခုပြုသောပဋိညာဉ်စကားဟူမူကား`သက်ရှိသတ္တဝါအပေါင်းတို့သည်နောင်မည်သည့်အခါ၌မျှရေလွှမ်းမိုး၍နောက်တစ်ဖန်မပျက်စီးစေရ။- သင်နှင့်တကွသက်ရှိသတ္တဝါအားလုံးတို့နှင့် ငါထာဝစဉ်ပြုသောပဋိညာဉ်၏လက္ခဏာသက်သေအဖြစ်ဖြင့်၊- မိုးတိမ်ထဲ၌ငါ၏သက်တံ့ကိုပေါ်စေမည်။ ထိုသက်တံသည်ကမ္ဘာလောကနှင့်ငါပြုသောပဋိညာဉ်၏လက္ခဏာသက်သေဖြစ်လိမ့်မည်။- ငါသည်မိုးကောင်းကင်သို့တိမ်များတက်လာစေ၍ တိမ်ထဲတွင်သက်တံ့ပေါ်လာသည့်အခါတိုင်း၊- သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။- တိမ်များထဲ၌သက်တံ့ပေါ်လာသောအခါ ထိုသက်တံ့ကိုငါမြင်ရ၍ ကမ္ဘာမြေကြီးပေါ်ရှိသက်ရှိသတ္တဝါအပေါင်းတို့နှင့်ငါထာဝစဉ်ပြုသောပဋိညာဉ်ကိုသတိရမည်' ဟူ၍ဖြစ်သည်။- ဤသည်ကားကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့နှင့် ငါပြုသောကတိတော်၏လက္ခဏာသက်သေဖြစ်၏'' ဟုမိန့်တော်မူ၏။
ကမ္ဘာဦး 9 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 9:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ