YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာ​ဦး 38:1-12

ကမ္ဘာ​ဦး 38:1-12 BCL

၎င်း​အ​ချိန်​လောက်​တွင်​ယု​ဒ​သည်​သူ​၏​ညီ​အစ် ကို​တို့​ထံ​မှ​ထွက်​ခွာ​၍ အ​ဒု​လံ​မြို့​သား​ဟိ​ရ ထံ​၌​သွား​ရောက်​နေ​ထိုင်​လေ​၏။- ထို​အ​ရပ်​တွင်​ယု​ဒ​သည် ခါ​နာန်​အ​မျိုး​သား ရှု​အာ​ဆို​သူ​၏​သ​မီး​ကို​တွေ့​မြင်​၍​ထိမ်း​မြား လေ​၏။- သူ့​မ​ယား​သည်​သား​တစ်​ယောက်​ကို​ဖွား​လျှင် ထို​သား​ကို​ဧ​ရ​ဟု​နာ​မည်​မှည့်​လေ​၏။- တစ်​ဖန်​သား​တစ်​ယောက်​ဖွား​လျှင်​သြ​နန်​ဟု နာ​မည်​မှည့်​လေ​သည်။- နောက်​တစ်​ဖန်​သား​တစ်​ယောက်​ဖွား​မြင်​၍​ရှေ​လ ဟု​နာ​မည်​မှည့်​လေ​သည်။ ရှေ​လ​ကို​ဖွား​မြင်​သော အ​ခါ​ယု​ဒ​သည်​ခေ​ဇိပ်​မြို့​တွင်​နေ​ထိုင်​လျက် ရှိ​၏။ ယု​ဒ​သည်​သူ​၏​သား​ဦး​ဧ​ရ​ကို​တာ​မာ​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ပေး​လေ​၏။- ဧ​ရ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​အ​ကျင့် ဆိုး​သော​သူ​ဖြစ်​ခြင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​အ​သက်​တို​စေ​တော်​မူ​၏။- ထို​အ​ခါ​ယု​ဒ​သည်​သား​သြ​နန်​အား``သင် သည်​အစ်​ကို​၏​ဇ​နီး​အား​မတ်​တစ်​ယောက် အ​နေ​ဖြင့်​တာ​ဝန်​ရှိ​သူ​ဖြစ်​သော​ကြောင့် သူ နှင့်​အိမ်​ထောင်​ပြု​၍​အစ်​ကို​အ​တွက်​မျိုး​ဆက် ပွား​စေ​လော့'' ဟု​ဆို​လေ​၏။- သြ​နန်​က​မရီး​နှင့်​ရ​မည့်​က​လေး​သည်​အစ်​ကို ၏​မျိုး​ဆက်​သာ​ဖြစ်​ကြောင်း​သိ​မြင်​သ​ဖြင့် အစ် ကို​အ​တွက်​သား​မ​ထွန်း​ကား​စေ​ခြင်း​ငှာ​သူ​နှင့် ဆက်​ဆံ​သည့်​အ​ခါ​တိုင်း​သုက်​ရည်​ကို​အ​ပြင် ၌​သာ​စွန့်​လေ​၏။- သြ​နန်​ထို​ကဲ့​သို့​ပြု​ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သ​ဖြင့် သူ့​ကို​လည်း​အ​သက်​တို​စေ တော်​မူ​၏။- ထို​အ​ခါ​ယု​ဒ​သည်​သူ​၏​ချွေး​မ​တာ​မာ အား``ငါ့​သား​ရှေ​လ​အ​ရွယ်​ရောက်​သည်​အ​ထိ သင်​သည်​အ​ဖ​အိမ်​သို့​ပြန်​၍​မု​ဆိုး​မ​ဘ​ဝ နှင့်​နေ​လော့'' ဟု​ဆို​လေ​၏။ ထို​သို့​ဆို​ရ​ခြင်း​မှာ သား​ရှေ​လ​သည် သူ​၏​အစ်​ကို​တို့​ကဲ့​သို့​သေ မည်​ကို​စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍ တာ​မာ​သည်​သူ​၏​ဖခင်​အိမ်​သို့​ပြန်​၍​နေ​ထိုင် လေ​သည်။ ကာ​လ​အ​တန်​ကြာ​လေ​သော်​ယု​ဒ​၏​မ​ယား ရှု​အာ​ကွယ်​လွန်​လေ​၏။ ယု​ဒ​သည်​မ​ယား​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရာ​နေ့​ရက်​ပြီး​ဆုံး​သော​အ​ခါ မိ​မိ​မိတ်​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​ဟိ​ရ​နှင့် အ​တူ​မိ​မိ​၏​သိုး​များ​ကို​အ​မွေး​ညှပ်​ရန် တိ​မ​နတ်​မြို့​သို့​သွား​လေ​၏။