ယာကုပ်သည်သူ၏ဖခင်နေထိုင်ရာ ခါနာန် ပြည်တွင် ဆက်လက်နေထိုင်လေ၏။- ယာကုပ်မိသားစု၏အတ္ထုပ္ပတ္တိကိုဖော်ပြပေအံ့။ ယောသပ်သည်အသက်တစ်ဆယ့်ခုနစ်နှစ်သို့ ရောက်သော် ဖခင်၏မယားငယ်များဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားများနှင့် အတူသိုးဆိတ်များကိုထိန်းကျောင်းရ၏။ သူ သည်အစ်ကိုတို့အကြောင်းကိုဖခင်အား တိုင်ကြားတတ်၏။ ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။- ဖခင်ကယောသပ်အားသူတို့ထက်ပို၍ချစ် သဖြင့်သူ၏အစ်ကိုတို့သည် သူ့အားကြင်နာ သည့်စကားတစ်ခွန်းကိုမျှမပြောနိုင်လောက် အောင်ရွံမုန်းကြလေသည်။ တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။- ယောသပ်ကသူတို့အား``ကျွန်တော်မြင်မက် သောအိပ်မက်ကိုနားထောင်ကြပါ။- ကျွန်တော်တို့သည်လယ်ထဲ၌ကောက်လှိုင်းများ ကိုစည်းနေကြစဉ် ကျွန်တော်၏ကောက်လှိုင်းစည်း သည်လဲရာမှထောင်မတ်လာ၏။ အစ်ကိုတို့၏ ကောက်လှိုင်းစည်းများသည်ကျွန်တော်၏ကောက် လှိုင်းစည်းကိုဝိုင်းလာပြီးလျှင်ဦးညွှတ်ရှိခိုး ကြပါသည်'' ဟုပြောပြလေ၏။ အစ်ကိုတို့က``သင်ကငါတို့အပေါ်မှာမင်း ပြုလိုသလော။ ငါတို့ကိုအုပ်စိုးမည်လော''ဟု မေးလေ၏။ ထိုသို့ယောသပ်သည်သူ၏အိပ်မက် အကြောင်းကိုဖော်ပြမိသဖြင့် သူတို့ကသူ့ ကိုပို၍ရွံမုန်းကြ၏။ တစ်ဖန်ယောသပ်သည်အိပ်မက်မက်ပြန်၍အစ် ကိုတို့အား``ကျွန်တော်သည်အိပ်မက်မြင်မက် ပြန်ပြီ။ ထိုအိပ်မက်ထဲတွင်နေ၊ လနှင့်ကြယ် တစ်ဆယ့်တစ်လုံးတို့ကကျွန်တော်အားဦး ညွှတ်ရှိခိုးကြသည်ကိုမြင်ရပါသည်''ဟု ပြောလေ၏။ သူ၏အိပ်မက်ကိုဖခင်အားလည်းပြောပြသော အခါဖခင်က``သင်၏အိပ်မက်ကားအဘယ်သို့ နည်း။ သင်၏မိခင်၊ ဖခင်နှင့်အစ်ကိုတို့ကသင့် အားဦးညွှတ်ရှိခိုးရမည်လော'' ဟုဆုံးမ လိုက်လေ၏။- ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။ တစ်နေ့သ၌ယောသပ်၏အစ်ကိုတို့သည်ရှေခင် မြို့အနီးတွင်ဖခင်၏သိုးဆိတ်များကိုကျောင်း နေကြစဉ်၊- ယာကုပ်ကယောသပ်အား``သင်၏အစ်ကိုတို့ သိုးဆိတ်ကျောင်းရာရှေခင်မြို့သို့သွားပါ လော့'' ဟုဆို၏။ ထိုအခါယောသပ်က``ဟုတ်ကဲ့၊ ကျွန်တော် သွားပါမည်'' ဟုဖြေကြား၏။ သူ၏ဖခင်က``အစ်ကိုများနှင့်သိုးဆိတ်များ ဘေးကင်းလုံခြုံစွာရှိသည်မရှိသည်ကို သင် သွား၍စုံစမ်းပြီးလျှင်ငါ့အားပြန်ပြောပါ လော့'' ဟုစေခိုင်းလေ၏။ ထိုနောက်ယောသပ် သည်ဖခင်လမ်းညွှန်သည့်အတိုင်း ဟေဗြုန် ချိုင့်ဝှမ်းလမ်းမှသွား၍ရှေခင်မြို့သို့ရောက် ရှိလာ၏။ သူသည်မြို့ပြင်၌လှည့်လည်ရှာဖွေနေစဉ် လူ တစ်ယောက်ကသူ့ကိုမြင်၍``သင်ဘာကိုရှာ နေသနည်း'' ဟုမေး၏။ ``သိုးဆိတ်များကိုထိန်းကျောင်းနေသောအစ် ကိုများကိုရှာနေပါသည်။ သူတို့အဘယ်မှာ ရှိသည်ကိုပြောနိုင်ပါသလော'' ဟုဆို၏။ ထိုသူက``သူတို့ဤအရပ်မှထွက်ခွာသွား ကြပြီ။ ဒေါသန်မြို့ဘက်သို့သွားကြမည် ဟုပြောသံကြားလိုက်ရသည်'' ဟုဖြေ၏။ ထို့ ကြောင့်ယောသပ်သည်အစ်ကိုများနောက်သို့ လိုက်သွားရာသူတို့ကိုဒေါသန်မြို့၌တွေ့ လေ၏။ ယောသပ်အဝေး၌ရှိစဉ်ပင်အစ်ကိုတို့သည် သူ့ကိုမြင်လျှင် သူ့အားသတ်ပစ်ရန်တိုင်ပင် ကြ၏။- သူတို့က``အိပ်မက်ဆရာလာနေပြီ။- လာကြ၊ သူ့ကိုသတ်၍တွင်းတစ်တွင်းထဲသို့ သူ့အလောင်းကိုပစ်လိုက်ကြစို့။ သူ့ကိုသားရဲ တိရစ္ဆာန်တစ်ကောင်ကကိုက်သတ်ပြီဟုဖခင် အားပြောကြမည်။ ထိုအခါကျမှသူ၏ အိပ်မက်အတိုင်းတကယ်ဖြစ်မဖြစ်ကိုသိ ရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။ ရုဗင်သည်သူတို့၏အကြံကိုကြားရလျှင် ယောသပ်ကိုကယ်ရန်ကြိုးစားလေ၏။ သူက``သူ့ ကိုမသတ်ပစ်ကြနှင့်။- သူ့ကိုဤတောကန္တာရတွင်ရှိသောတွင်းထဲသို့ ပစ်ချကြစို့။ သူ့အားအနာတရမဖြစ်စေ ကြနှင့်'' ဟုဆိုလေ၏။ ထိုကဲ့သို့အကြံပေးရ ခြင်းမှာသူသည်ယောသပ်အားညီအစ်ကိုတို့ လက်မှကယ်၍ဖခင်ထံသို့ပြန်အပ်ရန်အကြံ ရှိခြင်းကြောင့်ဖြစ်သည်။- အစ်ကိုများထံသို့ယောသပ်ရောက်လာသော အခါ သူတို့ကသူ၏လက်ရှည်ဝတ်ရုံကို ချွတ်ပစ်ကြ၏။- ထိုနောက်သူ့အားချုပ်ကိုင်၍ရေခန်းခြောက် သောတွင်းထဲသို့ချလိုက်ကြ၏။ ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။- ယုဒကသူ၏ညီအစ်ကိုတို့အား``ငါတို့၏ ညီကိုသတ်၍အဖြစ်မှန်ကိုထိမ်ဝှက်ထား ခြင်းဖြင့် ငါတို့၌မည်သို့အကျိုးကျေးဇူး ရှိနိုင်ပါမည်နည်း။- ငါတို့သည်သူ့အားအနာတရဖြစ်စေမည့် အစားဣရှမေလအမျိုးသားတို့ထံ၌သူ့ ကိုရောင်းလိုက်ကြပါစို့။ သူသည်ငါတို့၏ညီ၊ ငါတို့၏သွေးသားပင်ဖြစ်သည်မဟုတ်လော'' ဟုဆိုလေ၏။ သူ၏ညီအစ်ကိုတို့ကလည်း သဘောတူကြ၏။- ထိုအတောအတွင်းမိဒျန်အမျိုးသားကုန် သည်အချို့တို့ဖြတ်သန်းရောက်ရှိလာ၏။ သူ တို့သည်ယောသပ်အားတွင်းထဲမှဆွဲတင်၍ ဣရှမေလအမျိုးသားတို့ထံ၌ငွေသား ကျပ်နှစ်ဆယ်ဖြင့်ရောင်းလိုက်ကြသည်။ ထို ကုန်သည်တို့ကယောသပ်အားအီဂျစ်သို့ ခေါ်ဆောင်သွားလေသည်။
ကမ္ဘာဦး 37 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 37:1-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ