YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာ​ဦး 35:2-10

ကမ္ဘာ​ဦး 35:2-10 BCL

ယာ​ကုပ်​သည်​မိ​မိ​၏​မိ​သား​စု​နှင့်​မိ​မိ​ထံ​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား``သင်​တို့​၌​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​ပစ်​ပယ်​ကြ​လော့။ ကိုယ် ကို​သန့်​စင်​စေ​၍​အ​ဝတ်​ကို​လဲ​လှယ်​ဝတ်​ဆင် ကြ​လော့။- ငါ​တို့​သည်​ဤ​အ​ရပ်​မှ​ဗေ​သ​လ​အ​ရပ်​သို့ သွား​ကြ​မည်။ ငါ​ဒုက္ခ​ရောက်​စဉ်​က​ငါ့​ကို​ကယ်​မ ၍​ငါ​သွား​လေ​ရာ​ရာ​ခ​ရီး​လမ်း​တွင် ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ပူ ဇော်​ရန်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​မည်'' ဟု ဆို​လေ​၏။- ထို့​ကြောင့်​သူ​တို့​တွင်​ရှိ​သ​မျှ​သော​အ​ခြား ဘု​ရား​များ​ကို​လည်း​ကောင်း၊ သူ​တို့​တွင်​ဆင် ယင်​ထား​သော​နား​ကပ်​များ​ကို​လည်း​ကောင်း ယာ​ကုပ်​ထံ​ပေး​အပ်​ကြ​၏။ ယာ​ကုပ်​သည်​ထို ပစ္စည်း​များ​ကို​ရှေ​ခင်​မြို့​အ​နီး​ဝက်​သစ်​ချ ပင်​ရင်း​၌​မြှုပ်​ထား​လေ​၏။ ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။- ယာ​ကုပ်​သည်​မိ​မိ​၏​လူ​စု​နှင့်​အ​တူ ခါ​နာန် ပြည်​ရှိ​ဗေ​သ​လ​မြို့​ဟု​ခေါ်​တွင်​သော​လုဇ မြို့​သို့​ရောက်​ရှိ​လာ​လေ​၏။- ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍​သူ​၏​အစ်​ကို ထံ​မှ​ထွက်​ပြေး​နေ​ရ​စဉ်​က ဘု​ရား​သ​ခင်​ကို ထို​အ​ရပ်​၌​ဖူး​တွေ့​ခဲ့​ရ​သော​ကြောင့်​ဗေ​သ​လ ဟု​ခေါ်​တွင်​စေ​၏။- ရေ​ဗက္က​၏​အ​ထိန်း​ဒေ​ဗော​ရ​ကွယ်​လွန်​၍ ဗေ​သ​လ တောင်​ဘက်​ရှိ​ဝက်​သစ်​ချ​ပင်​အောက်​၌​အ​လောင်း ကို​မြှုပ်​လေ​သည်။ ထို​ကြောင့်​ထို​အ​ပင်​ကို``မျက်​ရည် ယို​ဝက်​သစ်​ချ​ပင်'' ဟု​နာ​မည်​မှည့်​လေ​၏။ ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မှ​ပြန်​လည် ရောက်​ရှိ​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​ရူ​ပါ​ရုံ တွင်​တစ်​ဖန်​မြင်​ရ​လေ​၏။ ဘု​ရား​သ​ခင်​သည် သူ့​အား​ကောင်း​ချီး​ပေး​လျက်၊- ``သင်​၏​နာ​မည်​သည်​ယာ​ကုပ်​ဖြစ်​၏။ သို့​ရာ​တွင် ယ​ခု​မှ​စ​၍​သင်​၏​နာမည်​ကို​ဣ​သ​ရေ​လ​ဟူ​၍ ခေါ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​အား​ဣ​သ​ရေ​လ​နာ​မည် ဖြင့်​သ​မုတ်​တော်​မူ​၏။