YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာ​ဦး 24:1-27

ကမ္ဘာ​ဦး 24:1-27 BCL

ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​အ​ရွယ် အ​လွန်​ကြီး​ရင့်​လာ​ပြီ​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ရာ​ရာ​၌​သူ့​အား​ကောင်း​ချီး​ပေး​တော် မူ​ခဲ့​၏။- သူ​သည်​သူ​၏​ပစ္စည်း​ဥစ္စာ​အား​လုံး​တို့​ကို​အုပ် ထိန်း​ရ​သော အ​သက်​အ​ကြီး​ဆုံး​အ​စေ​ခံ​ကို ခေါ်​လျက်``သင်​၏​လက်​ကို​ငါ့​ပေါင်​အောက်​မှာ ထား​၍​သစ္စာ​ဆို​လော့။- သင်​သည်​ငါ့​သား​အ​တွက်​မ​ယား​ကို​ခါ​နာန် လူ​မျိုး​တို့​တွင်​မ​ရှာ​ပါ​ဟု ကောင်း​ကင်​နှင့်​မြေ ကြီး​အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​သစ္စာ​ဆို​လော့။- သင်​သည်​ငါ​မွေး​ရာ​ဇာ​တိ​ပြည်​သို့​ပြန်​သွား​၍ ငါ​၏​အ​မျိုး​သား​ချင်း​တို့​ထဲ​မှ​ငါ​၏​သား ဣဇာက်​အ​တွက်​မ​ယား​ရှာ​ခဲ့​ရ​မည်'' ဟု​ဆို လေ​၏။ ထို​အ​ခါ​အ​စေ​ခံ​က``အ​မျိုး​သ​မီး​သည်​သူ​၏ အိမ်​ရာ​ကို​စွန့်​၍​ဤ​ပြည်​သို့ ကျွန်​တော်​နှင့်​အ​တူ မ​လိုက်​လို​ဟု​ဆို​လျှင်​မည်​သို့​ပြု​လုပ်​ရ​ပါ​မည် နည်း။ ကိုယ်​တော်​၏​သား​ကို​ကိုယ်​တော်​၏​ဇာ​တိ ပြည်​သို့​ကျွန်​တော်​ခေါ်​ဆောင်​သွား​ရ​ပါ​မည် လော'' ဟု​မေး​လေ​၏။ အာ​ဗြ​ဟံ​က​လည်း``ထို​ပြည်​သို့​ငါ့​သား​ကို သင်​ခေါ်​၍​မ​သွား​ရ။- ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​၏​ဖ​ခင်​နှင့်​ဆွေ​မျိုး​များ​နေ​ထိုင်​ရာ​ပြည် မှ ငါ့​ကို​ခေါ်​ဆောင်​ခဲ့​၍​ငါ​၏​အ​မျိုး​အ​နွယ်​တို့ အား ဤ​ပြည်​ကို​ပေး​မည်​ဟု​ငါ့​အား​ကတိ​သစ္စာ ပြု​ထား​တော်​မူ​၏။ သင်​သည်​ငါ့​သား​အ​တွက် မ​ယား​ရှာ​၍​ရ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင့်​အ​လျင်​ထို ပြည်​သို့​စေ​လွှတ်​တော်​မူ​မည်။- အ​ကယ်​၍​အ​မျိုး​သ​မီး​က​သင်​နှင့်​အ​တူ​မ​လိုက် လို​ပါ​က​သင်​ထား​သော​ကတိ​သစ္စာ​သည်​ပျက်​ပြယ် စေ။ သို့​ရာ​တွင်​မည်​သည့်​အ​ကြောင်း​ကြောင့်​မ​ဆို ငါ့​သား​ကို​ထို​ပြည်​သို့​ခေါ်​ဆောင်​၍​မ​သွား​ရ'' ဟု​ဆို​၏။- ထို့​ကြောင့်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​မိ​မိ သ​ခင်​၏​ပေါင်​အောက်​တွင် လက်​ကို​ထား​၍ ခိုင်း​စေ​သ​မျှ​အ​တိုင်း​ပြု​လုပ်​ပါ​မည်​ဟု က​တိ​သစ္စာ​ဆို​လေ​၏။ အာ​ဗြ​ဟံ​၏​ပစ္စည်း​ဥစ္စာ​ကို​အုပ်​ထိန်း​ရ​သော ထို​အ​စေ​ခံ​သည် မိ​မိ​သ​ခင်​၏​ကု​လား​အုတ် များ​ထဲ​မှ​ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​ရှိ နာ​ခေါ်​နေ​ထိုင်​ရာ​မြို့​သို့​ခရီး​ထွက်​ခဲ့​လေ​သည်။- ထို​အ​ရပ်​သို့​ရောက်​သော်​သူ​သည်​မြို့​ပြင်​ရှိ ရေ​တွင်း​အ​နီး​တွင် ကု​လား​အုတ်​များ​ကို​ဝပ် ချ​စေ​၏။ ထို​အ​ချိန်​သည်​ကား​မြို့​တွင်း​မှ​အမျိုး သမီး​များ​ထွက်​၍​ရေ​ခပ်​ရန်​လာ​သော​ည​နေ ချမ်း​အ​ချိန်​ဖြစ်​သ​တည်း။- သူ​က``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​လာ​ခဲ့​ရ​သည့် ကိစ္စ​ထ​မြောက်​အောင်​မြင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ၏​သခင်​အား​ထား​သော​က​တိ​တော်​အ​တိုင်း​ပြု တော်​မူ​ပါ။- အ​ကျွန်ုပ်​သည်​မြို့​တွင်း​မှ​မိန်း​မ​ပျို​များ​ရေ ခပ်​လာ​မည့်​ရေ​တွင်း​နား​သို့​ရောက်​ရှိ​နေ​ပါ​၏။- သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​ယောက်​အား`သင်​၏ ရေ​ခ​ရား​မှ​ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ စေ' ဟု​ဆို​ပါ​မည်။ အ​ကယ်​၍​ထို​အ​မျိုး​သ​မီး က`သောက်​ပါ။ သင်​၏​ကု​လား​အုတ်​တို့​အ​တွက် လည်း​ရေ​ခပ်​ပေး​ပါ​မည်' ဟု​ဆို​လျှင် ထို​အ​မျိုး သ​မီး​သည်​ကိုယ်​တော်​၏​ကျွန်​ဣ​ဇာက်​အ​တွက် ကိုယ်​တော်​ရွေး​ချယ်​ထား​သူ​ဖြစ်​ပါ​စေ​သော။ အ​ကျွန်ုပ်​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​ခဲ့ လျှင်​အ​ကျွန်ုပ်​၏​သ​ခင်​အား​ထား​တော်​မူ သော​က​တိ​တော်​အ​တိုင်း ကိုယ်​တော်​ပြု​တော် မူ​ကြောင်း​အ​ကျွန်ုပ်​သိ​ရ​ပါ​မည်'' ဟု​ဆု တောင်း​လေ​၏။ သူ​ဆု​တောင်း​၍​မ​ဆုံး​မီ၊ ရေ​ဗက္က​ဆို​သူ​အ​မျိုး သ​မီး​သည်​ရေ​ခ​ရား​ကို​ပ​ခုံး​ပေါ်​တင်​လျက် ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​အာ​ဗြ​ဟံ​၏​ညီ နာ​ခေါ်​နှင့်​မ​ယား​မိ​လ​ခါ​တို့​၏​သား​ဗေ​သွေ လ​၏​သ​မီး​ဖြစ်​သည်။- သူ​သည်​အ​လွန်​ရုပ်​ရည်​လှ​သော​ပျို​က​ညာ​ဖြစ် ၏။ သူ​သည်​ရေ​တွင်း​သို့​ဆင်း​၍​ရေ​ခ​ရား​၌​ရေ ဖြည့်​ပြီး​လျှင်​ပြန်​တက်​လာ​သည်။- ထို​အ​စေ​ခံ​သည်​မိန်းမ​ပျို​ထံ​သို့​ပြေး​သွား လျက်``သင်​၏​ခ​ရား​မှ​ကျေး​ဇူး​ပြု​၍​ရေ တစ်​ပေါက်​သောက်​ရန်​ပေး​ပါ'' ဟု​တောင်း လေ​၏။ မိန်း​မ​ပျို​က``အ​ရှင်​သောက်​ပါ'' ဟု​ဆို​၍​ပ​ခုံး ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန်​ချ​လျက်​သူ့ အား​ပေး​လေ​သည်။- သူ့​အား​ရေ​တိုက်​ပြီး​သော​အ​ခါ​မိန်းမ​ပျို​က``သင် ၏​ကု​လား​အုတ်​များ​ရေ​ဝ​အောင်​သောက်​နိုင်​ရန် ကျွန်​မ​ရေ​ခပ်​ပေး​ပါ​ဦး​မည်'' ဟု​ဆို​လေ​သည်။- မိန်း​မ​ပျို​သည်​ခ​ရား​ထဲ​၌​ရှိ​သော​ရေ​ကို​ရေ တိုက်​ခွက်​ထဲ​သို့​ချက်​ချင်း​သွန်​ချ​ပြီး​လျှင် သူ ၏​ကု​လား​အုတ်​အား​လုံး​တို့​ကို​ရေ​တိုက်​ပြီး သည်​အ​ထိ​ရေ​တွင်း​မှ​ရေ​ကို​အ​လျင်​အ​မြန် ခပ်​သယ်​ပေး​သည်။- ထို​အ​စေ​ခံ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​က​သူ့ အား​ထ​မြောက်​အောင်​မြင်​ခွင့်​ပေး​မည်၊ မ​ပေး မည်​ကို​သိ​နိုင်​ရန်​စောင့်​ကြည့်​နေ​လေ​သည်။ မိန်း​မ​ပျို​သည်​ကု​လား​အုတ်​များ​ကို​ရေ​တိုက် ပြီး​သော​အ​ခါ ထို​သူ​သည်​အ​ချိန်​ငါး​မူး​ရှိ သော​ရွှေ​နှာ​ဆွဲ​နှင့်​အ​ကျပ်​တစ်​ဆယ်​အ​ချိန် ရှိ​သော​ရွှေ​လက်​ကောက်​တစ်​ရံ​ကို​သူ့​အား​ဝတ် ဆင်​ပေး​ပြီး​လျှင် သင်​သည်​မည်​သူ​၏​သ​မီး ဖြစ်​သည်​ကို​သိ​ပါ​ရ​စေ။- သင်​၏​ဖ​ခင်​အိမ်​တွင်​ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​အ​ဖော် တို့​ည​တည်း​ခို​ရန်​နေ​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး လေ​၏။ ``ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ​ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သမီး​ဖြစ်​ပါ​၏။- ကျွန်​မ​တို့​၏​အိမ်​တွင်​တိ​ရစ္ဆာန်​များ​အ​တွက် ကောက်​ရိုး​နှင့်​အ​စာ​များ​စွာ​ရှိ​ပါ​သည်။ သင် တို့​တည်း​ခို​ရန်​နေ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု ဖြေ​ကြား​လေ​သည်။ ထို​အ​ခါ​သူ​သည်​ဦး​ညွှတ်​၍​ထာ​ဝ​ရ ဘု​ရား​ကို​ရှိ​ခိုး​လျက်၊- ``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​အား​က​ရု​ဏာ ပြ​တော်​မူ​လျက် သစ္စာ​ကတိ​တော်​အ​တိုင်း​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​အား​သ​ခင်​၏​ဆွေ​မျိုး​များ ထံ​သို့​ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ လေ​ပြီ'' ဟု​မြွက်​ဆို​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။