ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။ ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။ နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။- တတိယနေ့သို့ရောက်သော်အာဗြဟံသည် ထိုအရပ်ကိုအဝေးမှမြင်ရ၏။- ထိုအခါသူ၏အစေခံတို့အား``သင်တို့သည် ဤအရပ်တွင်မြည်းနှင့်အတူနေရစ်ကြ။ ငါ နှင့်ငါ့သားတို့ကထိုအရပ်သို့သွား၍ဘုရား ကိုဝတ်ပြုကိုးကွယ်ပြီးလျှင်ပြန်လာမည်'' ဟု မှာကြားလေသည်။ အာဗြဟံသည်ယဇ်ပူဇော်ရန်ထင်းကိုဣဇာက် အားသယ်စေ၍ သူကိုယ်တိုင်ကမူဋ္ဌားနှင့်မီး ပျိုးရန်မီးခဲကိုယူဆောင်ခဲ့လေသည်။ သူတို့ အတူတကွလျှောက်လာကြစဉ်၊- ဣဇာက်က``အဖ'' ဟုခေါ်လိုက်၏။ အာဗြဟံက``ငါ့သား'' ဟုထူး၏။ ဣဇာက်က``အဖထံမှာမီးလည်းပါပြီ။ ထင်း လည်းပါပြီ။ ယဇ်ပူဇော်ရန်သိုးငယ်အဘယ် မှာနည်း'' ဟုမေး၏။ အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။ ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။- ထိုနောက်သားကိုသတ်ရန်ဋ္ဌားကိုယူလိုက်၏။- ထိုအခိုက်တွင်ထာဝရဘုရား၏ကောင်းကင်တမန် သည်``အာဗြဟံ၊ အာဗြဟံ'' ဟုကောင်းကင်မှ ခေါ်လေ၏။ အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင်ဘုရား'' ဟုထူးလေ၏။ ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။ ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။- အာဗြဟံသည်ထိုအရပ်ကို``ထာဝရဘုရား ပြင်ဆင် ပေးသည်'' ဟုသမုတ်လေ၏။ ယနေ့ထက်တိုင်လူ တို့က``တောင်ပေါ်မှာထာဝရဘုရားပြင်ဆင် ပေးလိမ့်မည်'' ဟူ၍ပြောဆိုလေ့ရှိကြ၏။
ကမ္ဘာဦး 22 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 22:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ