ထာဝရဘုရားသည်ကတိတော်ရှိသည်အတိုင်း စာရာကိုကောင်းချီးပေးတော်မူသဖြင့်၊- အာဗြဟံအသက်အရွယ်ကြီးရင့်သည့်အခါ ၌ စာရာသည်ကိုယ်ဝန်ဆောင်၍သားကိုဖွားမြင် လေ၏။ ဘုရားသခင်သတ်မှတ်သောအချိန်၌ ထိုသားကိုဖွားမြင်၏။- အာဗြဟံသည်ထိုသားကိုဣဇာက်ဟုနာမည် မှည့်၍၊- ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်းရှစ်ရက် သားအရွယ်၌အရေဖျားလှီးခြင်းမင်္ဂလာကို စီရင်လေသည်။- ဣဇာက်ကိုဖွားမြင်သောအခါအာဗြဟံသည် အသက်တစ်ရာရှိပြီဖြစ်၏။- စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။- စာရာကဆက်လက်၍``စာရာသည်သားကိုနို့ တိုက်မည်ဟုမည်သူကအာဗြဟံအားပြောမည် နည်း။ ယခုမူကားအသက်အရွယ်ကြီးရင့်သော အချိန်၌ငါသည်သူ့အတွက်သားကိုဖွားပြီ'' ဟုဆိုလေ၏။ ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။ တစ်နေ့သ၌အီဂျစ်အမျိုးသမီးဟာဂရ နှင့်ရသော အာဗြဟံ၏သားဣရှမေလသည် စာရာ၏သားဣဇာက်နှင့်အတူကစားလျက် ရှိသည်။- ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။ ဣရှမေလသည်မိမိ၏သားဖြစ်သောကြောင့် အာဗြဟံသည်ထိုစကားကိုကြားရလျှင် စိတ်မချမ်းမသာဖြစ်လေ၏။- သို့ရာတွင်ဘုရားသခင်က``ထိုသူငယ်နှင့် သင်၏ကျွန်မဟာဂရအတွက်စိတ်မချမ်း မသာမဖြစ်နှင့်။ ငါကတိထားသည့်အတိုင်း ဣဇာက်မှသင်၏အမျိုးအနွယ်ဆင်းသက်မည် ဖြစ်သောကြောင့် စာရာပြောသမျှအတိုင်း ဆောင်ရွက်လော့။- ကျွန်မ၏သားသည်လည်းသင်၏သားဖြစ်သော ကြောင့်သူ၏အဆက်အနွယ်ကိုလည်းလူမျိုး ကြီးဖြစ်စေမည်'' ဟုမိန့်တော်မူ၏။ နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။- ရေဘူးတွင်ရေကုန်သောအခါသူသည် ကလေးကိုချုံအောက်၌ထားခဲ့ပြီးလျှင်၊- ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။ ဘုရားသခင်သည်သားငယ်ငိုသံကိုကြား တော်မူ၏။ ထိုကြောင့်ဘုရားသခင်၏ကောင်းကင် တမန်သည်ကောင်းကင်မှ``ဟာဂရ၊ သင်သည် အဘယ်ကြောင့်စိတ်ပူပန်ရသနည်း။ မစိုးရိမ် နှင့်။ ဘုရားသခင်သည်သား၏ငိုသံကိုကြား တော်မူပြီ။- ထလော့၊ သွား၍သူငယ်ကိုပိုက်ချီလော့။ ငါသည် သူ၏အဆက်အနွယ်ကိုလူမျိုးကြီးဖြစ်စေ မည်'' ဟုဆိုလေ၏။- ထိုနောက်ဘုရားသခင်သည်ဟာဂရ၏မျက်စိ ကိုဖွင့်တော်မူသဖြင့်သူသည်ရေတွင်းကိုမြင်ရ လေ၏။ သူသည်သားရေဘူးတွင်ရေတွင်းမှရေ နှင့်ဖြည့်၍သားငယ်ကိုရေတိုက်လေသည်။
ကမ္ဘာဦး 21 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 21:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ