ဘုရားသခင်သည်စကြဝဠာကိုဖန်ဆင်း တော်မူသောအခါ၊- ကမ္ဘာမြေကြီးသည်အသွင်သဏ္ဌာန်ဟူ၍မရှိ။ လဟာသက်သက်ဖြစ်၏။ သမုဒ္ဒရာရေပြင် ကြီးကိုမှောင်အတိဖုံး၍ရေပြင်ပေါ်၌ ဘုရားသခင်၏တန်ခိုးတော် လှုပ်ရှားလျက်ရှိ၏။- ဘုရားသခင်က``အလင်းရောင်ပေါ်စေ'' ဟု အမိန့်တော်ချမှတ်သောအခါ အလင်းရောင် ထွက်ပေါ်လာ၏။- ဘုရားသခင်သည်အလင်းရောင်ကိုရှုမြင်၍ နှစ်သက်တော်မူ၏။ ထို့နောက်အလင်းနှင့် အမှောင်ကိုပိုင်းခြားလျက်၊- အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။ ထိုနောက်ဘုရားသခင်က ``ရေရေချင်းနှစ်ပိုင်း ခွဲခြားတည်ရှိစေရန် မိုးမျက်နှာကြက်ဖြစ်ပေါ် စေ'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ်ပေါ်လာ၏။ ဘုရားသခင်သည်ထိုသို့မိုးမျက်နှာကြက် ကိုဖြစ်ပေါ်စေ၍ မိုးမျက်နှာကြက်ရှိရေနှင့် အောက်ရှိရေကိုပိုင်းခြားတော်မူ၏။- မိုးမျက်နှာကြက်ကို``မိုးကောင်းကင်'' ဟုခေါ် တွင်စေတော်မူ၏။ ညဦးမှနံနက်အထိဒုတိယ နေ့ရက်ဖြစ်လေ၏။ တစ်ဖန်ဘုရားသခင်က``မိုးကောင်းကင်အောက် တွင်ကုန်းပေါ်လာရန် တစ်နေရာတည်း၌ရေစု ဝေးစေ'' ဟုအမိန့်ပေးသည့်အတိုင်းကုန်းပေါ် လာ၏။- ကုန်းကို``မြေကြီး'' ဟူ၍လည်းကောင်း၊ စုဝေး လျက်ရှိသောရေကို``ပင်လယ်'' ဟူ၍လည်းကောင်း ခေါ်တွင်စေတော်မူ၏။ ဘုရားသခင်သည် ထို အမှုအရာကိုရှုမြင်၍နှစ်သက်တော်မူ၏။- ထိုနောက်``ကောက်ပဲသီးနှံနှင့်သစ်သီးပင်အမျိုး မျိုးကိုမြေကြီးမှပေါက်စေ'' ဟုအမိန့်ပေး သည့်အတိုင်းပေါက်လာကြ၏။- သို့ဖြစ်၍မြေကြီးမှ အပင်အမျိုးမျိုးပေါက် လာကြ၏။ ဘုရားသခင်သည် ထိုအမှုအရာ ကိုရှုမြင်၍နှစ်သက်တော်မူ၏။- ညဦးမှနံနက်အထိတတိယနေ့ရက်ဖြစ် လေ၏။ တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက် ထိုအလင်းဗိမာန်တို့သည်မိုးကောင်းကင်မှာ အလင်းရောင်ထွန်းသဖြင့် မြေကြီးပေါ်တွင် အလင်းရစေ'' ဟုအမိန့်ပေးသည့်အတိုင်း ဖြစ်ပေါ်လာ၏။- သို့ဖြစ်၍နေ့ကိုကြီးစိုးရန်နေဗိမာန်နှင့်ည ကိုကြီးစိုးရန် လဗိမာန်နှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။- ဘုရားသခင်သည်မြေကြီးပေါ်မှာအလင်းရ စေရန်နှင့်၊- နေ့နှင့်ညကိုကြီးစိုး၍အလင်းနှင့်အမှောင်ကို ခွဲခြားစေရန် မိုးကောင်းကင်တွင်အလင်းဗိမာန် များကိုတည်ရှိစေတော်မူ၏။ ဘုရားသခင် သည်ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။- ညဦးမှနံနက်အထိစတုတ္ထနေ့ရက်ဖြစ်လေ၏။ တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။- သို့ဖြစ်၍ဘုရားသခင်သည်ပင်လယ်ငါးသတ္တ ဝါကြီးများအစရှိသောရေသတ္တဝါအမျိုး မျိုး၊ ငှက်အမျိုးမျိုးတို့ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုအမှုအရာကိုရှုမြင် ၍နှစ်သက်တော်မူ၏။- ``ရေသတ္တဝါတို့သည်ပင်လယ်ထဲ၌မြောက်မြား စွာပေါက်ပွားကြစေ၊ ငှက်တို့သည်လည်းတိုးပွား ကြစေ'' ဟုဘုရားသခင်အမိန့်ပေး၍ထို သတ္တဝါတို့အား ကောင်းချီးပေးတော်မူ၏။- ညဦးမှနံနက်အထိပဉ္စမနေ့ရက်ဖြစ်လေ၏။
ကမ္ဘာဦး 1 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 1:1-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ