YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂ​လာ​တိ 5:13-26

ဂ​လာ​တိ 5:13-26 BCL

ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။- ``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် လော့'' ဟူ​သော​ပ​ညတ်​သည်​ပ​ညတ်​တ​ရား​၏ အ​ချုပ်​အ​ခြာ​ဖြစ်​၏။- သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။ ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။- အ​ဘယ်​ကြောင့်​ဆို​သော်​လူ့​ဇာ​တိ​အ​လို​သည် ဝိ​ညာဉ်​တော်​အ​လို​နှင့်​ဆန့်​ကျင်​လျက်​နေ​၍ ဝိ​ညာဉ်​တော်​အ​လို​သည်​လည်း လူ့​ဇာ​တိ​အ​လို နှင့်​ဆန့်​ကျင်​လျက်​နေ​သော​ကြောင့်​ဖြစ်​၏။ လူ့ ဇာ​တိ​သ​ဘော​နှင့်​ဝိ​ညာဉ်​တော်​သည်​ရန်​သူ များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ တို့​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​မ​ပြု​နိုင်​ကြ။- ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား​ဦး​ဆောင်​လမ်း​ပြ တော်​မူ​လျှင် သင်​တို့​သည်​ပညတ်​တ​ရား​၏​လက် အောက်​ခံ​မ​ဟုတ်​တော့​ပေ။ လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြီး​ပွား​ကျော်​ကြား​လို​စိတ် ရှိ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊- ငြူ​စူ​ခြင်း၊ သေ​ရည်​သောက်​ကြူး​ခြင်း၊ သောက်​စား ပျော်​ပါး​ခြင်း​အ​စ​ရှိ​သည်​တို့​ဖြစ်​၏။ ဤ​နည်း အ​တိုင်း​ပြု​ကျင့်​ကြ​သူ​တို့​သည်​ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ကို​အ​ပိုင်​ရ​ကြ​မည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း တို့​ပေ​တည်း။ ဤ​အ​ရာ​များ​နှင့်​ပတ်​သက်​၍​ပြ​ဋ္ဌာန်း ထား​သည့်​တ​ရား​ဥ​ပ​ဒေ​ဟူ​၍​မ​ရှိ။- ခ​ရစ်​တော်​ယေ​ရှု​၏​တ​ပည့်​များ​သည်​လူ့​ဇာ​တိ​စိတ် နှင့်​၎င်း​၏​လို​အင်​ဆန္ဒ​များ​ကို လက်​ဝါး​ကပ်​တိုင်​ပေါ် တွင်​တင်​၍​ကွပ်​မျက်​လိုက်​ကြ​လေ​ပြီ။- ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား​အ​သက်​ရှင်​စေ​ပြီ။ ဝိ​ညာဉ်​တော်​ဦး​ဆောင်​လမ်း​ပြ​တော်​မူ​သည် အ​တိုင်း​ကျင့်​ရ​ကြ​မည်။- ငါ​တို့​သည်​မာန်​မာ​န​မ​ရှိ​ရ။ အ​ချင်း​ချင်း အ​မျက်​ထွက်​အောင်​မ​ဆွ​ရ။ မ​နာ​လို​ခြင်း မ​ရှိ​ရ။