YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်​မြောက် 3:1-5

ထွက်​မြောက် 3:1-5 BCL

မော​ရှေ​သည်​သူ​၏​ယောက္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော ဟိတ်​ယေ​သ​ရော​၏​သိုး​ဆိတ်​များ​ကို​ထိန်း ကျောင်း​လျက်​ရှိ​စဉ်၊ တော​ကန္တာ​ရ​ကို​ဖြတ်​၍ သိုး​ဆိတ်​များ​ကို​မောင်း​နှင်​လာ​ရာ၊ ဟော​ရပ် ဟု​ခေါ်​သော​ဘု​ရား​သ​ခင်​၏​တောင်​သို့​ရောက် ရှိ​လာ​လေ​၏။- ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​သည်​ချုံ​တစ်​ခု​အ​လယ်​မှ မီး​တောက် လောင်​နေ​သည့်​မီး​လျှံ​အ​သွင်​ဖြင့်​ထွက်​လာ​၍ မော​ရှေ​အား​ထင်​ရှား​ပြ​၏။ ချုံ​သည်​မီး​တောက် နေ​သော်​လည်း​လောင်​ကျွမ်း​ခြင်း​မ​ရှိ​ကြောင်း မော​ရှေ​တွေ့​မြင်​ရ​၏။- ထို့​ကြောင့်​သူ​က``ငါ​သည်​အ​နီး​သို့​ချဉ်း​ကပ် ၍ ထို​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို​ကြည့်​ဦး​မည်'' ဟု​အ​ကြံ​ရှိ​လေ​၏။ မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို​မြင် တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ချုံ​အ​လယ် မှ``မော​ရှေ၊ မော​ရှေ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏ အ​ရှင်​ဘု​ရား'' ဟု​လျှောက်​လေ​၏။ ဘု​ရား​သ​ခင်​က``အ​နီး​သို့​မ​ချဉ်း​ကပ်​နှင့်။ သင်​သည်​သန့်​ရှင်း​သော​မြေ​ပေါ်​တွင်​ရပ်​နေ သည်​ဖြစ်​၍ ခြေ​နင်း​ကို​ချွတ်​လော့။