YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်​မြောက် 20:1-17

ထွက်​မြောက် 20:1-17 BCL

ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​တို့​အား​ကျွန် ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။ ``ငါ​မှ​လွဲ​၍ အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး ကွယ်​ရ။ ``မိုး​ကောင်း​ကင်​သတ္တ​ဝါ၊ မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ၊ မြေ​ကြီး​အောက်​ရေ​ထဲ​ရှိ​သတ္တ​ဝါ​တို့​နှင့် ပုံ​သဏ္ဌာန် တူ​သော​ရုပ်​တု​ကို​သင်​တို့​အ​တွက်​မ​ထု​လုပ်​ရ။- ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။- သို့​ရာ​တွင်​ငါ့​ကို​ချစ်​၍​ငါ့​ပညတ်​တို့​ကို​စောင့် ထိန်း​သော​သူ​တို့​အား အ​မျိုး​အ​စဉ်​အ​ဆက် ထောင်​သောင်း​တိုင်​အောင်​ငါ​၏​မေတ္တာ​ကို​ပြ တော်​မူ​မည်။ ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​ကို​အ​လွဲ​သုံး​စား​မ​ပြု​ရ။ ထို​သို့ အ​လွဲ​သုံး​စား​ပြု​သူ​အား​ငါ​ဒဏ်​ခတ် မည်။ ``ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​လော့။ ထို​နေ့​ကို​နေ့ ထူး​နေ့​မြတ်​အ​ဖြစ်​သတ်​မှတ်​လော့။- သင်​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို​လုပ် လော့။- သတ္တမ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​သီး သန့်​ထား​သော​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍​သင်​၏​သား​သ​မီး​များ၊ ကျေး​ကျွန် များ၊ တိ​ရစ္ဆာန်​များ၊ ဧည့်​သည်​အာ​ဂန္တု​များ သည်​အ​လုပ်​မ​လုပ်​ရ။- ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက်​ရက်​အ​တွင်း​မိုး ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့်​ထို​အ​ရပ်​တို့ ၌​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း​၍​သတ္တ​မ​နေ့​တွင် နား​နေ​တော်​မူ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​နား​ရက်​ကို​ကောင်း​ချီး​ပေး​၍ နေ့​ထူး နေ့​မြတ်​သတ်​မှတ်​တော်​မူ​၏။ ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​မည့်​ပြည်​တွင် အ​သက်​ရှည်​စွာ​နေ​ထိုင် နိုင်​ရန်​သင်​၏​မိ​ဘ​ကို​ရို​သေ​လော့။ ``လူ့​အ​သက်​ကို​မ​သတ်​နှင့်။ ``သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။ ``သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ ``သူ​တစ်​ပါး​၏​တစ်​ဘက်​၌​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။ ``သူ​တစ်​ပါး​၏​အိမ်​ကို​လို​ချင်​တပ်​မက်​သော စိတ်​မ​ရှိ​နှင့်။ သူ​တစ်​ပါး​၏​မ​ယား၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို မ​တပ်​မက်​နှင့်'' ဟု​မိန့်​တော်​မူ​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။