အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။- မောရှေကယောရှုအား``သင်သည်နက်ဖြန်နေ့ တွင်အာမလက်အမျိုးသားတို့ကိုစစ်ချီ တိုက်ခိုက်ရန်လူအချို့ကိုရွေးလော့။ ငါသည် ထာဝရဘုရားအပ်နှင်းထားတော်မူသော တောင်ဝှေးကိုကိုင်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေမည်'' ဟုဆို၏။- ယောရှုသည်မောရှေမှာကြားသည့်အတိုင်း အာမလက်အမျိုးသားတို့ကိုတိုက်ခိုက်ရန် စစ်ချီသွားနေစဉ်မောရှေ၊ အာရုန်နှင့်ဟုရ တို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏။- မောရှေသည်မိမိ၏လက်များကိုမြှောက်ထား သည့်အခါ ဣသရေလအမျိုးသားတို့ဘက် ကစစ်ရေးသာ၏။ သူ၏လက်များကိုချသည့် အခါအာမလက်အမျိုးသားတို့ဘက်က စစ်ရေးသာ၏။- မောရှေ၏လက်များညောင်းလာသောအခါ အာရုန်နှင့်ဟုရတို့သည် မောရှေအားကျောက် တုံးတစ်ခုပေါ်တွင်ထိုင်စေပြီးလျှင် တစ်ဘက် စီ၌ရပ်လျက်မောရှေ၏လက်များကိုချီပင့် ထားကြ၏။ သူတို့နှစ်ဦးသည်မောရှေ၏ လက်များကိုနေဝင်သည့်တိုင်အောင်ချီပင့် ထားကြသည်ဖြစ်ရာ၊- ယောရှုသည်အာမလက်တပ်ကိုအောင်မြင် ချေမှုန်းခဲ့လေ၏။ ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။- မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။- ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။
ထွက်မြောက် 17 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက် 17:8-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ