YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧ​သ​တာ 7:1-6

ဧ​သ​တာ 7:1-6 BCL

ဤ​သို့​ဖြင့်​မင်း​ကြီး​နှင့်​ဟာ​မန်​သည် ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့- ဒု​တိ​ယ​အ​ကြိမ်​သွား​ရောက်​ကြ​၏။ မင်း​ကြီး သည်​စ​ပျစ်​ရည်​သောက်​လျက်​နေ​စဉ်​ဧ​သ​တာ အား``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ဘယ်​ဆု​ကို​တောင်း လို​ပါ​သ​နည်း။ ငါ့​အား​ပြော​ကြား​လော့။ သင့် အား​ငါ​ပေး​မည်။ ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင်​သင့်​အား​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။ မိ​ဖု​ရား​ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​ကျွန် တော်​မ​သည်​စိတ်​တော်​နှင့်​တွေ့​၍​တောင်း​လျှောက် သည်​ကို​ပေး​တော်​မူ​မည်​ဆို​ပါ​လျှင် ကျွန်​တော် မ​၏​အ​သက်​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ပါ။- ကျွန်​တော်​မ​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​အား​ရောင်း​စား​လိုက်​ကြ​ပြီ​ဖြစ်​၍ ကျွန်​တော်​မ​တို့​သည်​သေ​ရ​ကြ​ပါ​တော့​မည်။ အ​ကယ်​၍​ကျွန်​ဘ​ဝ​သို့​ရောက်​ရ​ကြ​ရုံ​သာ ဆို​လျှင်​ကျွန်​တော်​မ​သည်​အ​ရှင်​မင်း​ကြီး အား​အ​နှောင့်​အ​ယှက်​မ​ပေး​ဘဲ​ကြိတ်​၍​ခံ မည်​သာ​ဖြစ်​ပါ​၏။ ယ​ခု​မှာ​မူ​ကျွန်​တော် မ​တို့​သည်​အ​မျိုး​ပြုတ်​အောင်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​ပါ​တော့​မည်'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဧ​က​ရာဇ်​မင်း​က``ဤ​သို့​သော အ​မှု​မျိုး​ကို​အ​ဘယ်​သူ​ပြု​ရဲ​သ​နည်း။ ထို​သူ​ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု မေး​တော်​မူ​၏။ ဧ​သ​တာ​က``ကျွန်​တော်​မ​တို့​၏​ရန်​သူ၊ ကျွန် တော်​မ​တို့​အား နှိပ်​စက်​ညှင်း​ပန်း​သူ​မှာ​ဤ သူ​ယုတ်​မာ​ဟာ​မန်​ပင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​လေ​၏။ ထို​အ​ခါ​ဟာ​မန်​သည်​ကြောက်​လန့်​တုန်​လှုပ် လျက်​နေ​တော့​၏။