YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧ​ဖက် 6:10-20

ဧ​ဖက် 6:10-20 BCL

သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ကြံ့​ခိုင် ခြင်း​ရှိ​ကြ​ရန်​ငါ​နောက်​ဆုံး​မှာ​ကြား​လို​၏။- မာရ်​နတ်​၏​ပ​ရိ​ယာယ်​များ​ကို​ခု​ခံ​ကာ​ကွယ်​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ဝတ်​ဆင်​ကြ​လော့။- ငါ​တို့​သည်​လူ​သတ္တ​ဝါ​တို့​နှင့်​ဆိုင်​ပြိုင်​တိုက်​ခိုက် ကြ​ရ​သည်​မ​ဟုတ်။ ကောင်း​ကင်​လောက​မှ​ဆိုး ယုတ်​သော​ဝိ​ညာဉ်​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း၊ ဤ​အ​မှောင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ တန်​ခိုး ရှင်​များ၊ အာ​ဏာ​ပိုင်​များ​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​ခိုက်​ကြ​ရ​၏။- သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ကိုင် ဆောင်​ကြ​လော့။ သို့​မှ​သာ​လျှင်​ခဲ​ယဉ်း​ဆိုး ယုတ်​ရာ​ကာ​လ​ကျ​ရောက်​လာ​ချိန်​၌ သင်​တို့ သည်​ရန်​သူ​၏​တိုက်​စစ်​ကို​ခု​ခံ​ကာ​ကွယ် နိုင်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင်​တိုက်​ခိုက် ပြီး​သော​အ​ခါ​၌​သင်​တို့​သည်​ရပ်​တည် နိုင်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​အ​သင့်​ရှိ​နေ​ကြ​လော့။ သစ္စာ​တ​ရား တည်း​ဟူ​သော​ခါး​ပန်း​ကြိုး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော​ရင်​အုပ်​တန် ဆာ​ကို​လည်း​ကောင်း၊- ငြိမ်း​ချမ်း​ရေး​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် အ​သင့်​ရှိ​ခြင်း​တည်း​ဟူ​သော​ဖိ​နပ်​ကို​လည်း ကောင်း​ဝတ်​ဆင်​ကြ​လော့။- ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော​ဒိုင်း​လွှား​ကို အ​မြဲ​ဆွဲ​ကိုင်​ထား​ကြ​လော့။ သင်​တို့​သည် ထို​ဒိုင်း​လွှား​အား​ဖြင့်​မာရ်​နတ်​ပစ်​ခတ်​သော မီး​မြား​လက်​နက်​ဟူ​သ​မျှ​ကို​ငြိမ်း​သတ် နိုင်​လိမ့်​မည်။- ကယ်​တင်​ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​ကို လည်း​ကောင်း၊ ဝိ​ညာဉ်​တော်​က​ပေး​သော​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဋ္ဌား​ကို​လည်း​ကောင်း​ယူ​ဆောင်​ကြ​လော့။- သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။- ငါ​ဟော​ပြော​ချိန်​၌​ဘုရား​သခင်​သည်​ငါ့​အား နှုတ်​သတ္တိ​ကို​ပေး​သ​နား​တော်​မူ​ရန်​လည်း​ကောင်း၊ သ​တင်း​ကောင်း​၏​နက်​နဲ​သော​အ​ရာ​ကို​ရဲ​ရင့် စွာ​ဖွင့်​ပြ​နိုင်​ရန်​လည်း​ကောင်း ငါ့​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။- ငါ​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ဖြစ်​သော်​လည်း​ထို သ​တင်း​ကောင်း​အ​တွက်​သံ​တ​မန်​ဖြစ်​ပါ​၏။ ထို သ​တင်း​ကောင်း​ကို​ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​သည်​ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန်​ဆု​တောင်း ကြ​လော့။

​ဧ​ဖက် 6:10-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။