YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧ​ဖက် 2:4-9

ဧ​ဖက် 2:4-9 BCL

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​၍ မေတ္တာ​တော်​သည်​အ​လွန် ကြီး​မား​လှ​သ​ဖြင့်​ကိုယ်​တော်​သည်၊- ငါ​တို့​အား​မ​နာ​ခံ​မှု​အား​ဖြင့်​ဝိ​ညာဉ်​ရေး အ​ရ​သေ​လျက်​ရှိ​နေ​ရာ​မှ ခ​ရစ်​တော်​နှင့်​အ​တူ ရှင်​ပြန်​စေ​တော်​မူ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​သာ​လျှင် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​ပေ​သည်။- ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ထို​အ​ရှင်​နှင့်​အ​တူ​ကောင်း​ကင် လော​က​တွင်​စိုး​စံ​ခွင့်​ကို​ပေး​တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​အား​မေတ္တာ​ပြ​တော်​မူ​ရာ​၌​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​သည်​သာ​မန်​ထက်​လွန်​ကဲ​သည်​ကို နောင်​ကာ​လ​အ​စဉ်​အ​ဆက်​လူ​တို့​သိ​မြင်​နိုင် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။- သင်​တို့​သည်​ယုံ​ကြည်​သော​အား​ဖြင့်​ကျေး​ဇူး တော်​ကြောင့်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သင်​တို့ ၏​ကြိုး​စား​အား​ထုတ်​မှု​ရ​လဒ်​ကြောင့်​ခံ​ကြ​ရ သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ချ​ပေး​တော်​မူ​သော ဆု​ဖြစ်​၍​အ​ဘယ်​သူ​မျှ​ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။