ငါတို့သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလှည့်၍ အာကာဘာပင်လယ်ကွေ့သို့ဦး တည်လျက် တောကန္တာရထဲသို့ပြန်သွားကြပြီး လျှင် တောင်ကုန်းဒေသဖြစ်သောဧဒုံပြည်တွင် ကြာမြင့်စွာလှည့်လည်နေထိုင်ရကြ၏။- ထိုအခါထာဝရဘုရားကငါ့အား၊ `သင်တို့သည်ထိုတောင်ကုန်းဒေသတွင်ကြာ မြင့်စွာလှည့်လည်ခဲ့ကြပြီ၊ မြောက်ဘက်သို့ ခရီးထွက်ကြလော့' ဟုမိန့်တော်မူ၏။- ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊- သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။- သူတို့ထံမှအစာရေစာကိုဝယ်ယူစားသုံး လော့' ဟုညွှန်ကြားတော်မူသည်။'' ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
တရားဟော 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားဟော 2:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို