YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကော​လော​သဲ 1:1-14

ကော​လော​သဲ 1:1-14 BCL

ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ခ​ရစ် တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ၊- ကော​လော​သဲ​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​များ​ဖြစ်​သူ၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​သူ​ညီ အစ်​ကို​များ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ကြ​ရ​ပါ​စေ​သော။ ငါ​တို့​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ခ​ရစ်​တော် ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ပေါင်း​တို့​အား​ချစ်​ကြ​သည်​ကို​ငါ​တို့ ကြား​သိ​ရ​သော​ကြောင့်​ဖြစ်​ပေ​သည်။- သမ္မာ​တ​ရား​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို သင်​တို့​ပ​ထ​မ​ဆုံး​အကြိမ်​ကြား​နာ​ရ​သော အ​ခါ မျှော်​လင့်​ရာ​အ​ကြောင်း​ကို​သင်​တို့​ကြား သိ​ရ​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​၏​ယုံကြည်​ခြင်း နှင့်​ချစ်​ခြင်း​သည်​ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​ဖို့ လုံ​ခြုံ​စွာ​လျာ​ထား​သည့်​မျှော်​လင့်​ရာ​အ​ပေါ် တွင်​မူ​တည်​လျက်​နေ​၏။- သင်​တို့​သည်​ဘု​ရား​သခင်​၏​ကျေး​ဇူး​တော် အ​ကြောင်း​ကို​ကြား​ရ​ပြီး​သည့်​နေ့​မှ​စ​၍ ထို ကျေး​ဇူး​တော်​ကို​အ​မှန်​သိ​မြင်​ခံ​စား​ရ​ကြ သည်​နှင့်​အ​မျှ​သ​တင်း​ကောင်း​သည် သင်​တို့ ထံ​သို့​ပျံ့​နှံ့​၍​လာ​ပေ​သည်။ ထို​နည်း​တူ​စွာ သ​တင်း​ကောင်း​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​၍ ကောင်း​ချီး​မင်္ဂလာ​များ​ခံ​စား​စေ လျက်​ရှိ​ပေ​သည်။- ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​ကြောင်း ကို​သင်​တို့​အား​သင်​ကြား​ပေး​သူ​မှာ ငါ​တို့ နှင့်​အ​တူ​ခ​ရစ်​တော်​၏​အမှု​တော်​ကို​ထမ်း ဆောင်​သူ၊ ငါ​တို့​ချစ်​မြတ်​နိုး​သူ​ဧပဖြ​ဖြစ်​၏။ သူ​သည်​ငါ​တို့​၏​ကိုယ်​စား​သစ္စာ​ရှိ​စွာ​ခ​ရစ် တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ဖြစ် ပေ​သည်။- ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​သင်​တို့​၏​မေတ္တာ အ​ကြောင်း​ကို​ငါ​တို့​အား​သူ​ပြော​ပြ​၏။ သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​၏​သ​တင်း​ကို​ကြား ရ​သည့်​နေ့​မှ​စ​၍ ငါ​တို့​သည်​သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ​၏။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​ကောင်း​စွာ​သိ​ရှိ​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ကြ ပါ​၏။- သို့​မှ​သာ​အ​စဉ်​အ​မြဲ​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​လည်း​ကောင်း သင်​တို့​ပြု​မူ​ကျင့်​ကြံ​နိုင်​ကြ​လိမ့်​မည်။ ယင်း သို့​ပြု​မူ​ကျင့်​ကြံ​သ​ဖြင့် ကောင်း​မြတ်​သည့် အ​ကျင့်​အ​မျိုး​မျိုး​တည်း​ဟူ​သော​အ​သီး အ​ပွင့်​များ​ကို​ဖြစ်​ထွန်း​စေ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​လည်း​တိုး​၍​သိ​ကျွမ်း လာ​ကြ​လိမ့်​မည်။- သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။- ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​ထို​သား​တော်​အား​ဖြင့်​ငါ တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ တစ်​နည်း အား​ဖြင့်​ငါ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပြီ။