ဘုရားသခင်၏အလိုတော်နှင့်အညီခရစ် တော်ယေရှု၏တမန်တော်ဖြစ်သူ ငါပေါလု နှင့်ငါတို့၏ညီတိမောသေထံမှ၊- ကောလောသဲမြို့ရှိဘုရားသခင်၏လူစုတော် ဝင်များဖြစ်သူ၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ခရစ်တော်ကိုသစ္စာရှိသူညီ အစ်ကိုများထံသို့စာရေးလိုက်ပါသည်။ သင် တို့သည်ငါတို့အဖဘုရားသခင်ထံတော် မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ကြရပါစေသော။ ငါတို့သည်သင်တို့အတွက်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်းငါတို့သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်း၏။- အဘယ်ကြောင့်ဆိုသော်သင်တို့သည်ခရစ်တော် ယေရှုကိုယုံကြည်၍ ဘုရားသခင်၏လူစုတော် ဝင်အပေါင်းတို့အားချစ်ကြသည်ကိုငါတို့ ကြားသိရသောကြောင့်ဖြစ်ပေသည်။- သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။- သင်တို့သည်ဘုရားသခင်၏ကျေးဇူးတော် အကြောင်းကိုကြားရပြီးသည့်နေ့မှစ၍ ထို ကျေးဇူးတော်ကိုအမှန်သိမြင်ခံစားရကြ သည်နှင့်အမျှသတင်းကောင်းသည် သင်တို့ ထံသို့ပျံ့နှံ့၍လာပေသည်။ ထိုနည်းတူစွာ သတင်းကောင်းသည်ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ ကောင်းချီးမင်္ဂလာများခံစားစေ လျက်ရှိပေသည်။- ဘုရားသခင်၏ကျေးဇူးတော်အကြောင်း ကိုသင်တို့အားသင်ကြားပေးသူမှာ ငါတို့ နှင့်အတူခရစ်တော်၏အမှုတော်ကိုထမ်း ဆောင်သူ၊ ငါတို့ချစ်မြတ်နိုးသူဧပဖြဖြစ်၏။ သူသည်ငါတို့၏ကိုယ်စားသစ္စာရှိစွာခရစ် တော်၏အမှုတော်ကိုထမ်းဆောင်သူဖြစ် ပေသည်။- ဝိညာဉ်တော်မှရရှိသောသင်တို့၏မေတ္တာ အကြောင်းကိုငါတို့အားသူပြောပြ၏။ သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။- သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။- သင်တို့သည်အရာခပ်သိမ်းကိုစိတ်ရှည်စွာ ခံနိုင်ရည်ရှိစေရန် ဘုရားသခင်၏ဘုန်း ကြီးသောတန်ခိုးတော်မှရရှိသည့်စွမ်းရည် အမျိုးမျိုးဖြင့်ရပ်တည်နိုင်ကြပါစေသော။ ထိုမှတစ်ပါးလည်းအလင်းနိုင်ငံတော်တွင် ကိုယ်တော်၏လူစုတော်အတွက်လျာထား သည့်ကောင်းချီးမင်္ဂလာများကို သင်တို့ အားခံစားထိုက်သူများဖြစ်စေတော်မူ သော အဖဘုရားသခင်၏ကျေးဇူးတော် ကိုဝမ်းမြောက်စွာချီးမွမ်းနိုင်ကြပါစေ သော။
ကောလောသဲ 1 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကောလောသဲ 1:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ