ပေတရုသည်အရပ်ရပ်သို့လှည့်လည်သွား လာ၏။ အခါတစ်ပါး၌လုဒ္ဒမြို့ရှိဘုရား သခင်၏လူစုတော်ထံသို့ရောက်ရှိလာ၏။- ထိုမြို့တွင်လေဖြတ်သဖြင့်ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်မှာတုံးလုံးလဲနေသူအဲနေ နာမည်ရှိသောလူတစ်ယောက်ကိုတွေ့၏။- သူ့အားပေတရုက ``အဲနေ၊ ယေရှုခရစ်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍အိပ်ရာ ကိုပြင်လော့'' ဟုဆို၏။ အဲနေသည်ချက်ချင်း ပင်ထ၏။- လုဒ္ဒမြို့နှင့်ရှာရုန်လွင်ပြင်တွင်နေထိုင်သူလူ အပေါင်းတို့သည်သူ့ကိုတွေ့မြင်၍ သခင် ဘုရားထံတော်သို့ပြောင်းလဲလာကြ၏။ ယုပ္ပေမြို့တွင်တဗိသနာမည်ရှိသောတပည့် တော်မတစ်ဦးရှိ၏။ (သူ၏နာမည်မှာဂရိ စကားအားဖြင့်ဒေါ်ကာဖြစ်၍ ``ဒရယ်'' ဟု အနက်ရလေသည်။) သူသည်ကောင်းမှုနှင့် စွန့်ကြဲပေးကမ်းမှုကိုအစဉ်သဖြင့်ပြု တတ်၏။- သူသည်ဖျားနာ၍သေလေ၏။ သူ၏အလောင်း ကိုရေချိုးပေးကြပြီးသော်အိမ်၏အထက် ခန်းတွင်ပြင်ထားကြ၏။- လုဒ္ဒမြို့သည်ယုပ္ပေမြို့အနီးတွင်ရှိသဖြင့်ထို မြို့တွင်ပေတရုရှိကြောင်း တပည့်တော်တို့ကြား သိကြသောအခါ ``အကျွန်ုပ်တို့ထံသို့အလျင် အမြန်ကြွလာတော်မူပါ'' ဟူသောပန်ကြား ချက်ဖြင့်လူနှစ်ယောက်ကိုပေတရုထံသို့စေ လွှတ်လိုက်ကြ၏။- ထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။- ပေတရုသည်ထိုသူအပေါင်းတို့ကိုအပြင် သို့ထွက်စေပြီးလျှင် ဒူးထောက်၍ဆုတောင်း ပတ္ထနာပြု၏။ ထိုနောက်ရုပ်အလောင်းဘက်သို့ လှည့်၍ ``တဗိသ၊ ထလော့'' ဟုဆို၏။ ဒေါ်ကာ သည်မျက်စိဖွင့်၍ပေတရုကိုမြင်သော အခါထထိုင်လေ၏။- ပေတရုသည်လက်ကိုကမ်းပေးပြီးလျှင်ထို အမျိုးသမီးကိုဆွဲထူလိုက်၏။ ထိုနောက် မုဆိုးမများအပါအဝင်ယုံကြည်သူများ ကိုခေါ်၍ အသက်ရှင်လျက်ရှိသောဒေါ်ကာ ကိုပေးအပ်၏။- ဤသတင်းသည်ယုပ္ပေတစ်မြို့လုံးတွင်ကျော် ကြားသွားသဖြင့် လူအမြောက်အမြားပင် သခင်ဘုရားကိုသက်ဝင်ယုံကြည်လာ ကြ၏။- ပေတရုသည်ယုပ္ပေမြို့တွင်ရှိမုန်နာမည်ရှိသူ သားရေနယ်သမားနှင့်အတူရက်ပေါင်းများ စွာနေထိုင်လေသည်။
တမန်တော်ဝတ္ထု 9 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော်ဝတ္ထု 9:32-43
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ