YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 7:17-38

တမန်တော်ဝတ္ထု 7:17-38 BCL

``ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ထား တော်​မူ​သော က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​ရန်​အ​ချိန်​နီး​ကပ်​လာ​သော​အ​ခါ အီ​ဂျစ် ပြည်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဦး​ရေ များ​စွာ​တိုး​ပွား​ခဲ့​၏။- ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​ကို​မ​သိ သော​ရှင်​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ​၏။- ထို​ဘု​ရင်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​ကို​လှည့် စား​၍ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​၏။ သူ​တို့ ၏​က​လေး​သူ​ငယ်​များ​အား​သေ​စေ​ရန်​အိမ် ပြင်​တွင်​ပစ်​ထား​စေ​၏။- ထို​အ​ချိန်​ကာ​လ​ကား​မော​ရှေ​ဖွား​မြင်​ရာ အ​ချိန်​ကာ​လ​ပင်​ဖြစ်​၏။ မော​ရှေ​သည်​လွန်​စွာ အ​ဆင်း​လှ​သော​က​လေး​သူ​ငယ်​ဖြစ်​၏။ သုံး လ​တိုင်​တိုင်​ဖ​ခင်​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက် ခြင်း​ကို​ခံ​ခဲ့​ရ​၏။- သူ​သည်​အိမ်​ပြင်​တွင်​ပစ်​ထား​ခြင်း​ခံ​ရ​သော အ​ခါ ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​က​သူ့​အား သား​အ​ဖြစ်​မွေး​စား​လေ​သည်။- မော​ရှေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​အ​တတ် ပ​ညာ​အ​လုံး​စုံ​ကို​ဆည်း​ပူး​၍ နှ​လုံး​ရည်​လက် ရုံး​ရည်​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​လာ​၏။'' ``သူ​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ မိ​မိ ၏​သား​ချင်း​များ​ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန်​စိတ်​ပိုင်း ဖြတ်​လေ​သည်။- ယင်း​သို့​လည်​ပတ်​နေ​ချိန်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ဦး​အား အီ​ဂျစ်​အ​မျိုး​သား တစ်​ယောက်​က​ရိုက်​နှက်​လျက်​နေ​သည်​ကို​မြင် လျှင် မိ​မိ​အ​မျိုး​သား​၏​ဘက်​မှ​ဝင်​ရောက် ကူ​ညီ​ကာ အီ​ဂျစ်​အ​မျိုး​သား​ကို​သတ်​၍ လက်​စား​ချေ​လိုက်​လေ​သည်။- (မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ လွတ်​မြောက်​ရေး​အ​တွက် မိ​မိ​အား​ဘု​ရား သ​ခင်​စေ​လွှတ်​တော်​မူ​ခဲ့​ကြောင်း​ကို သူ​တို့ သိ​ရှိ​နား​လည်​ကြ​လိမ့်​မည်​ဟု​ထင်​မှတ်​ခဲ့ ၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​နား​မ​လည် ကြ။)- နောက်​တစ်​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား နှစ်​ယောက်​ခိုက်​ရန်​ဖြစ်​လျက်​နေ​ကြ​သည်​ကို တွေ့​လျှင် မော​ရှေ​က`သင်​တို့​သည်​ညီ​အစ်​ကို​ချင်း ဖြစ်​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဖြစ် နေ​ကြ​ပါ​သ​နည်း' ဟု​ဆို​၍​ဖျန်​ဖြေ​၏။- သို့​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​ပြု​သူ​သည် မော​ရှေ​အား ဘေး​သို့​တွန်း​ဖယ်​လိုက်​ပြီး လျှင်`ငါ​တို့​အား​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ အ​ဖြစ်​ဖြင့်​သင့်​ကို​မည်​သူ​ခန့်​ထား​သ​နည်း။- ယ​မန်​နေ့​က​အီ​ဂျစ်​အ​မျိုး​သား​တစ်​ယောက် ကို​သတ်​ခဲ့​သည်​နည်း​တူ ငါ့​ကို​လည်း​သတ်​လို ပါ​သ​လော' ဟု​မေး​၏။- မော​ရှေ​သည်​ထို​စ​ကား​ကို​ကြား​သော​အ​ခါ အီ​ဂျစ်​ပြည်​မှ​ထွက်​ပြေး​၍​မိ​ဒျန်​ပြည်​တွင် နေ​ထိုင်​လေ​သည်။ သူ​သည်​ထို​ပြည်​တွင်​သား နှစ်​ယောက်​ကို​ရ​၏။ ``အ​နှစ်​လေး​ဆယ်​ကြာ​သော​အ​ခါ သိ​နာ​တောင် အ​နီး​တော​ကန္တာ​ရ​တွင်​မီး​လျှံ​တောက်​လျက်​နေ သည့်​ချုံ​ထဲ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မော​ရှေ​အား​ကိုယ်​ထင်​ပြ​လေ​သည်။- ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​မော​ရှေ​သည် လွန်​စွာ​အံ့​သြ​သ​ဖြင့် ကြည့်​ရန်​အ​နီး​သို့ ချဉ်း​ကပ်​လိုက်​သော​အ​ခါ၊- `ငါ​သည်​သင့်​ဘိုး​ဘေး​များ​၏​ဘု​ရား၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု​ထာ​ဝ​ရ ဘု​ရား​၏​အ​သံ​တော်​ကို​ကြား​ရ​၏။ မော​ရှေ သည်​တုန်​လှုပ်​လျက်​မ​ကြည့်​ဝံ့​ဘဲ​နေ​၏။- ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား`သင်​ခြေ​နင်း​ရာ အ​ရပ်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြေ​ဖြစ်​၏။ သင်​၏​ဖိ​နပ်​ကို​ချွတ်​လော့။- အီ​ဂျစ်​ပြည်​ရှိ​ငါ​၏​လူ​စု​တော်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​မြင်​ရ​ပြီ။ သူ​တို့​၏ ညည်း​တွား​မြည်​တမ်း​သံ​ကို​လည်း​ငါ​ကြား ရ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ကယ်​တင်​ရန်​ငါ ဆင်း​သက်​ခဲ့​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို​အီ​ဂျစ် ပြည်​သို့​ငါ​စေ​လွှတ်​မည်' ဟု​မိန့်​တော်​မူ​၏။'' ``မော​ရှေ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပစ်​ပယ်​ခြင်း​ကို​ခံ​ရ​သူ​တည်း။ သူ​တို့​က`ငါ​တို့ ကို​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ​အ​ဖြစ်​ဖြင့် သင့် အား​မည်​သူ​ခန့်​ထား​သ​နည်း' ဟု​သူ့​အား​မေး ကြ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​အုပ်​ချုပ်​ရန်​နှင့် မီး​လျှံ​တောက်​သော​ချုံ​တွင် ထင်​ရှား​သော​ကောင်း​ကင်​တ​မန်​၏​အ​ကူ​အ​ညီ ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လွတ်​မြောက် ရေး​ဆောင်​ရွက်​ရန်​ဘု​ရား​သ​ခင်​စေ​လွှတ်​သော သူ​ဖြစ်​သည်။- သူ​သည်​အီ​ဂျစ်​ပြည်​နှင့်​ပင်​လယ်​နီ​တွင်​လည်း ကောင်း၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​တော​ကန္တာ​ရ တွင်​လည်း​ကောင်း အံ့​သြ​ဖွယ်​ရာ​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သူ​ဖြစ်​၏။- `သင်​တို့​သား​ချင်း​များ​အ​ထဲ​တွင် ငါ​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​ဘု​ရား​သ​ခင် သည် သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ လိမ့်​မည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​ခဲ့​သူ​မှာ​မော​ရှေ​ပင်​ဖြစ်​၏။- သူ​သည်​တော​ကန္တာ​ရ​၌​စု​ဝေး​လျက်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ​နှင့်​လည်း​ကောင်း၊ သိ​နာ တောင်​ပေါ်​တွင်​မိ​မိ​အား​ဗျာ​ဒိတ်​ပေး​သည့် ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း​အ​တူ​ရှိ နေ​ခဲ့​သူ​ဖြစ်​၏။ ငါ​တို့​အား​ဆင့်​ဆို​ရန် ဘု​ရား​သ​ခင်​ထံ​တော်​မှ အ​သက်​ရှင်​စေ သော​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​လည်း ဖြစ်​၏။