YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 6:1-7

တမန်တော်ဝတ္ထု 6:1-7 BCL

ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​တ​ပည့်​တော် အ​ရေ​အ​တွက်​မှာ တိုး​တက်​များ​ပြား​လာ​၏။ ထို​အ​ခါ​ဂ​ရိ​စ​ကား​ကို​သုံး​စွဲ​သူ​ယု​ဒ အ​မျိုး​သား​များ​နှင့် ဒေ​သ​ခံ​ယု​ဒ​အ​မျိုး သား​တို့​အ​ငြင်း​ပွား​ကြ​၏။ ဂ​ရိ​စ​ကား သုံး​စွဲ​သူ​ယု​ဒ​အ​မျိုး​သား​တို့​က မိ​မိ​တို့ မု​ဆိုး​မ​များ​နေ့​စဉ်​အ​သုံး​စ​ရိတ်​မ​ရ ရှိ​ကြောင်း​ပြစ်​တင်​ပြော​ဆို​ကြ​၏။- တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​ကို​ခေါ်​ပြီး​လျှင်``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ဟော​ပြော​မှု​ကို​လျစ်​လူ​ပြု​ပြီး​လျှင် ငွေ ရေး​ကြေး​ရေး​ကို​စီ​မံ​ဆောင်​ရွက်​ရန်​မ​သင့်။- ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​မှ​သင်​တို့​နှစ်​သက် သူ လူ​ခု​နစ်​ယောက်​ကို​ရွေး​ချယ်​ကြ​လော့။ ဤ တာ​ဝန်​ကို​ထမ်း​ဆောင်​စေ​ရန်​ထို​သူ​တို့​အား ငါ​တို့​ခန့်​ထား​မည်။ သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ဉာဏ်​ပ​ညာ​နှင့် လည်း​ကောင်း​ပြည့်​ဝ​လျက်​အ​သ​ရေ​ရှိ​သူ များ​ဖြစ်​ရ​မည်။- ငါ​တို့​အ​ဖို့​မှာ​မူ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း နှင့် တ​ရား​တော်​ကို​ဟော​ပြော​ခြင်း​အား​ဖြင့် သာ​လျှင် အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​မည်'' ဟု ဆို​၏။ ဤ​အ​ကြံ​ကို​တ​ပည့်​တော်​အ​ပေါင်း​တို့​နှစ်​သက် ကြ​၏။ သူ​တို့​သည်​သ​တေ​ဖန်​ကို​ရွေး​ချယ်​ကြ ၏။ သ​တေ​ဖန်​သည်​ယုံ​ကြည်​ခြင်း​အား​ကြီး​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​သူ​ဖြစ် ၏။ ထို့​နောက်​ဖိ​လိပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န​နှင့်​နိ​ကော​လ​တို့​ကို​လည်း​ရွေး​ချယ် ကြ​၏။ နိ​ကော​လ​ကား​ယု​ဒ​အ​မျိုး​သား​မ​ဟုတ်၊ ယု​ဒ​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​အန္တိ​အုတ် မြို့​သား​ဖြစ်​၏။- တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​အား​တ​မန်​တော် တို့​၏​ရှေ့​မှောက်​သို့​ဝင်​ရောက်​စေ​ကြ​၏။ ထို​နောက် တ​မန်​တော်​တို့​သည်​ဆု​တောင်း​ပြီး​လျှင် ထို​သူ တို့​၏​ဦး​ခေါင်း​ပေါ်​မှာ​မိ​မိ​တို့​၏​လက်​ကို တင်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​သည်​ပျံ့​နှံ့​၍ တ​ပည့်​တော်​အ​ရေ​အ​တွက် သည် ယေ​ရု​ရှ​လင်​မြို့​တွင်​များ​စွာ​တိုး​ပွား​လျက် နေ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​မြောက်​အ​မြား​ပင် သ​တင်း​ကောင်း​ကို​လက်​ခံ​ယုံ​ကြည်​လာ​ကြ​၏။