YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 5:27-32

တမန်တော်ဝတ္ထု 5:27-32 BCL

ဤ​သို့​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ပြီး လျှင် တ​ရား​လွှတ်​တော်​အ​ဖွဲ့​၏​ရှေ့​တွင်​ရပ်​စေ ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တ​မန်​တော်​တို့ ကို​စစ်​ဆေး​မေး​မြန်း​၏။- သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။ ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။- ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သင် တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင်​၍​သတ်​ခဲ့ သော​သ​ခင်​ယေ​ရှု​အား ရှင်​ပြန်​ထ​မြောက်​စေ တော်​မူ​ပြီ။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ​ရ ၍ မိ​မိ​တို့​အ​ပြစ်​များ​မှ​ပြေ​လွတ်​စိမ့်​သော​ငှာ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​အား​မိ​မိ​၏ လက်​ယာ​တော်​ဘက်​တွင်​စံ​ပယ်​စေ​၍ ဦး​စီး ခေါင်း​ဆောင်​အ​ဖြစ်​နှင့်​ကယ်​တင်​ရှင်​အ​ဖြစ် ချီး​မြှင့်​တော်​မူ​၏။- ဤ​အ​မှု​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ငါ​တို့ သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​အ​မိန့်​ကို​နာ​ခံ​သူ​တို့​အား​ချ​ပေး​တော်​မူ သည့်​ဆု​ကျေး​ဇူး​တည်း​ဟူ​သော ဝိ​ညာဉ်​တော် သည်​လည်း​အ​သိ​သက်​သေ​ဖြစ်​တော်​မူ​၏'' ဟု ပြန်​၍​ပြော​ကြား​ကြ​၏။